Online Service Center Myanmar: Knowledge -->

Knowledge

My Blog

Latest blog



-     
  
ဒါလေးကိုရေးလိုက်ရတာက မနေ့ညက Disabled ကျလို့ဆိုပြီး Disabled Lock လာဖြည်ခိုင်းတဲ့အကောင့်လေးတခုကိုလုပ်ပေးရင်း အားလုံးသိထားလို့ရအောင် ပြန်ရေးပေးလိုက်တာပါ။

တချို့တွေက ရာသက်ပန် ပိတ်သိမ်းခြင်းခံလိုက်ရတဲ့( Permanently Disabled ) Facebook Account ကို ပြန်ယူလို့ရတယ်ဆိုပြီးပြောကြတယ်၊ ကျွန်တော့်အနေနဲ့ပြောချင်တာကတော့ ရာသက်ပန်အပိတ်ခံလိုက်ရတဲ့ ( Permanently Disabled အချခံလိုက်ရတဲ့) အကောင့်တွေက လုံးဝမှ ပြန်ယူလို့မရတော့ဘူးဆိုတာပါပဲ။
ပြန်ယူလို့ရတယ်ဆိုတဲ့အကောင့်တွေက Permanently Disabled ဖြစ်တဲ့အကောင့်တွေမဟုတ်လို့ပါ၊

Disabled lock တွေက အများကြီးရှိပါတယ်၊ အဲ့ဒါကို "ဒီရက်ပိုင်းတဲ့ကျတဲ့ Facebook Account Disabled များနဲ့ပတ်သက်လို့( https://www.osc-myanmar.com/…/facebook-account-disabled.html
)" ထဲမှာလည်း ရေးပြခဲ့ဖူးပါသေးတယ်။


[[ သူ့ရဲ့ ရာသက်ပန် Disabled ချခံလိုက်ရတဲ့အကောင့်ကိုဝင်လိုက်တာနဲ့ အခုလိုပြောထားပါတယ်။ ]]
သင့်အကောင့်ကို ပိတ်ထားပါတယ်။
သင့်အကောင့် ဒါမှမဟုတ် သင့်အကောင့်မှာ ရှိတဲ့ လုပ်ဆောင်ချက်ဟာ ကျွန်ုပ်တို့ရဲ့ လူမှုစံနှုန်းတွေနဲ့ ကိုက်ညီမှု မရှိခဲ့တာကြောင့် သင် Facebook အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ ဒီဆုံးဖြတ်ချက်ကို ကျွန်ုပ်တို့ဘက်က ပြန်လှန် စိစစ်သုံးသပ်ပေးထားပြီး ဖြစ်တာကြောင့် ဒါကို ပြန်ပြောင်းပေးလို့ မရနိုင်တော့ပါဘူး။ အကောင့်တွေကို ကျွန်ုပ်တို့ ပိတ်ပင်ရတဲ့ အကြောင်းအရင်းတွေနဲ့ ပတ်သက်ပြီး ပိုမိုလေ့လာဖို့အတွက် လူမှုစံနှုန်းများ စုစည်းထားရာ နေရာကို ဝင်ကြည့်ပေးပါ။
လူမှုစံနှုန်းများ ဆီသို့ သွားရန် => https://www.facebook.com/communitystandards/…

Your account has been disabled.
You can't use Facebook because your account, or activity on it, didn't follow our Community Standards. We have already reviewed this decision and it can't be reversed. To learn more about the reasons why we disable accounts visit the Community Standards.
Go to Community Standards=> https://www.facebook.com/communitystandards/…
_____

[[ ကြိုက်တဲ့ Disabled ဖောင်တွေကနေ အယူခံဝင်တိုင်း အောက်ပါအတိုင်းပဲတွေ့ရပါတယ်၊ ပြောချင်တာက အယူခံဝင်ခွင့်တောင် မပေးတော့ဘူးဆိုတာပါပဲ။ ]]

သင့်အကောင့်ကို ပိတ်ရန်အတွက် ဆုံးဖြတ်ချက်ကို ကျွန်ုပ်တို့ မသုံးသပ်နိုင်ပါ။
သင့် Facebook အကောင့်က ကျွန်ုပ်တို့ရဲ့ လူမှုစံနှုန်းတွေကို မလိုက်နာတဲ့အတွက် ပိတ်ခြင်းခံထားရပါတယ်။ ဒီဆုံးဖြတ်ချက်ကို ကျွန်ုပ်တို့ စိစစ်သုံးသပ်ပြီးပြီဖြစ်ပြီး အဲဒါကို ပြန်ပြောင်းလို့ မရနိုင်တော့ပါဘူး။

We cannot review the decision to disable your account.
Your Facebook account was disabled because it did not follow our Community Standards. We have already reviewed this decision and it cannot be reversed.
ဒီတော့ ကိုယ့်အကောင့်လေးကို ရေရှည်အသုံးပြုချင်တယ်( ပျက်သွားမှာ နှမြောတယ် ) ဆိုရင်တော့ Facebook က ချမှတ်ထားတဲ့ စံနှုန်းတွေ၊ မူဝါဒတွေကို လိုက်နာပါမှရပါမယ်။

အခုနောက်ပိုင်းမှာဆိုရင် လူစင်စစ်ထက် Facebook AI Bot တွေနဲ့ Run ထားတာဖြစ်လို့ ဖေ့ဘွတ်ရဲ့အရေးယူမှုတွေက ပိုပြီးတော့ကြောက်ဖို့ကောင်းလာပါတယ်၊ အခြားမပြောနဲ့ ကိုယ်တွေ ဘန်းစကားနဲ့ဆဲတာမျိုးလေးတောင်မှ သူတို့ရဲ့ Community Standards တွေနဲ့မကိုက်ညီလို့ဆိုပြီး Post တင်ခွင့်တွေ၊ Like, Comment, Share. တွေပိတ်တာအပြင် ကိုယ့်အကောင့် Timeline ထဲဝင်လိုက်တာနဲ့ "Account Warning" ဆိုပြီး သတိပေးစာကြီး ( ၁ ) နှစ်စာအထိ ထားပေးထားတာမျိုးပါလုပ်လာပါတယ်၊ အဲ့လိုသတိပေးထားတာတောင်မှ ဆက်လက်ပြီးကျူးလွန်ခဲ့ရင်( မကြာခဏ Policy တွေကိုချိုးဖောက်ခဲ့ရင် ) သေခြာပါတယ် နောက်ဆုံး ကိုယ့်ရဲ့ Facebook Account ကို Permanently Disabled အထိ လုပ်ပစ်လိုက်တော့မှာပါ။

ကျွန်တော်တို့တတွေအနေနဲ့ Facebook ဆိုတာကြီးကို ဆက်ပြီးသုံးဖြစ်နေဦးမယ်ဆိုရင်တော့ Facebook ရဲ့ Community Standards တွေ၊ Policy တွေကို အတတ်နိုင်ဆုံး မဖြစ်မနေ လိုက်နာပါမှ ရပါလိမ့်မယ်။

ချစ်ခြင်းအားဖြင့်
Aung Kyaw Soe ( 1.5.2020 - 4:25 PM )

#Facebook #Disabled #FacebookAccount #FacebookAccountDisabled #PermanentlyDisabled

မူရင်းပို့စ် - 
-     
  




-     
  
Blue Mark လျှောက်ချင်လို့ ဘယ်ကနေဝင်ပြီးလျှောက်ရတာလဲဆိုပြီး ခနခန လာလာမေးကြလွန်းလို့ ( ဒီနေ့တောင် ၃ ဦး လာမေးတယ်။ ) ဒီကနေ ဝင်လျှောက်လို့ရပါတယ်ဆိုတာ သိရအောင် တင်ပေးလိုက်ပါတယ်။

Blue Mark က လူတိုင်းဝင်လျှောက်လို့ရပါတယ်၊ သို့ပေမယ့် လူတိုင်းတော့မရနိုင်ပါ၊ Facebook ဘက်က သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ ပြည့်မှီမှ၊ ကိုက်ညီမှ၊ သာလျင် Blue Mark ကို ရရှိနိုင်ပါမယ်၊ သတ်မှတ်ချက်မပြည့်မှီပဲ ခနတိုင်းဝင်လျှောက်နေရင်တော့ ရာသက်ပန် အငြင်းခံရနိုင်ပါတယ်။

Blue Mark လျှောက်ရင် ပိုက်ဆံပေးရလားဆိုတော့ တပြားမှပေးစရာမလိုပါ၊ အမြဲတမ်းအခမဲ့ လျှောက်လို့ရပါတယ်၊ အဲ့ဒီ Blue Mark ကို ပိုက်ဆံနဲ့ပေးဝယ်လို့ရလားဆိုရင် ပိုက်ဆံနဲ့ပေးဝယ်လို့လည်းမရပါ၊ လျှောက်ချင်ရင် အခမဲ့ပဲ ဝင်ရောက်လျှောက်ထားလို့ရပါတယ်။

ဘယ်ကနေဝင်လျှောက်ရမလဲဆိုရင်? ဒီကနေ ဝင်လျှောက် လို့ရပါတယ်။

Account အတွက်ဆို Profile ကိုရွေး၊ ကိုယ့် Facebook Account Link နဲ့ ID Card ကိုထည့်ပြီး လျှောက်လို့ရပါတယ်။

Page အတွက်ဆို Page ကိုရွေးပြီး User အတွက်ဆို ID Card နဲ့တင်လို့ရပါတယ်၊ လုပ်ငန်းတွေ၊ ကုမ္ပဏီတွေအတွက်ဆို လုပ်ငန်းလိုင်စင်လိုမျိုးနဲ့တင်ရပါမယ်။

လျှောက်ထားပြီးရင် Facebook ဘက်က လက်ခံရင်၊ မြန်ရင် ၁ ရက် ၂ ရက်ကနေ ၁ ပတ် ၂ ပတ်လောက်နဲ့ Blue Mark ရပါတယ်၊ Facebook ဘက်က လက်မခံဘူးဆိုရင်တော့ နောက်ထပ် ရက် ၃၀ ကျော်တဲ့အထိစောင့်ပြီးမှ နောက်တခေါက် ပြန်လျှောက်လို့ရပါမယ်။

[[ Blue Mark လျှောက်ရန် Link ]]

Request a blue verification badge -
https://www.facebook.com/help/contact/342509036134712…

[[ Blue Mark လျှောက်ရင်ဘယ်လိုဟာတွေကရနိုင်လဲ၊ ဘာတွေလိုအပ်လည်းသိချင်ပါက ဒီမှာဝင်ဖတ်ပါ။ ]]

How do I request a verified badge on Facebook?
https://www.facebook.com/help/1288173394636262…
Friend list ထဲက Cele များလည်း လျှောက်ထားလိုပါက လျှောက်ထားနိုင်ကြပါတယ်။ Stay at Home နေတုန်း လျှောက်ကြည့်ပါ ရသွားရင်အမြတ်ထွက်တာပေါ့။
Blue Mark နဲ့ပတ်သက်ပြီး လွဲမှားနေတဲ့အရာလေးတွေကိုတော့ အနည်းငယ်ပြောချင်ပါသေးတယ်။

အဲ့ဒါကဘာလည်းဆိုတော့...

1. Blue Mark ရထားရင် Account လုံခြုံတယ်။
အဲ့ဒါက လွဲမှားနေတဲ့ အသိအမြင်၊ အယူအဆပါ၊ Blue Mark ရထားတိုင်း အကောင့်မလုံခြုံပါဘူး၊ Blue Mark ရထားတဲ့အကောင့်ပိုင်ရှင်သာ သူ့အကောင့်ကို Security ပိုင်းတွေလုပ်မထားဘူး၊ Security ပိုင်းဆိုင်ရာနဲပတ်သက်တဲ့ ဗဟုသုတတွေရှိမထားဘူးဆိုရင် သူ့အကောင့်က တနေ့မဟုတ်တနေ့အခိုးခံရနိုင်ပါတယ်။ ( အတိုချုံးပြီးပြောရရင် Blue Mark ရတာနဲ့ အကောင့် Security နဲ့မဆိုင်လို့ မလုံခြုံပါ။ )

2. Blue Mark ရထားရင် အကောင့်မပျက်တော့ဘူး။
ဒါလည်း လွဲမှားနေတဲ့အယူအဆ အကြောင်းအရာတခုပါ၊ Blue Mark ကြီးရထားပေမယ့် Facebook ကချမှတ်ထားတဲ့ Policy တွေကိုမလိုက်နာရင်တော့ Blue Mark နဲ့အကောင့်လည်း ရာသက်ပန်အပိတ်ခံရနိုင်ပါတယ်။ ( အတိုချုံးပြီးပြောရရင် Blue Mark ရထားလည်း အကောင့်ပျက်တတ်ပါတယ်။ )

Blue Mark ဆိုတာလေးရထားရင် ဘာပဲပိုထူးသွားလည်းဆိုရင် Name နောက်မှာ အပြာရောင်အမှန်ခြစ်လေးပါသွားတာနဲ့၊ အတုနဲ့အစစ်ကိုခွဲခြားပေးထားတာပဲ ပိုထူးသွားပါမယ် ကျန်တာတွေကတော့ ဘာမှထူးခြားမှုမရှိပါ။

ကဲ... လျှာရှည်တာဒီလောက်နဲ့တော်ပါပြီ။

ချစ်ခြင်းအားဖြင့်
Aung Kyaw Soe ( 27.4.2020 - 9:35 PM )

မူရင်းပို့စ် -
-     
  




-     
  
ဒီနေ့ Messenger ကနေ အသိတယောက်က အကိုရေ ဒီလိုမျိုး Link တွေလာပို့နေတယ်ဆိုပြီးပြောလို့ ကြည့်လိုက်မိတယ် သူဆီကိုပို့လာတာ Covid-19 ကာလမှာ အင်တာနက် 1000GB ကို Free ပေးထားတယ် Package ကို Activate လုပ်ဖို့ ဒီမှာဝင်လုပ်ပါဆိုပြီး Link တခုပေးထားတယ်။

အဲ့ဒီမှာ တခုသတိပြုမိသွားတာက အရင်တရက်က အသိတယောက်ဆီကနေ အခုလိုမျိုးပို့ပဲ ပို့လာတာတခုရှိတယ်ဆိုတာပြန်သတိရသွားတယ်၊ အဲ့ဒါကကျတော့ Netflix ကို Premium Free ၂ လစာပေးထားတယ်ဆိုပြီးဝင်လာတာ၊ သူတို့ပေးထားတဲ့ Link တွေက Short လုပ်ထားတဲ့ Link အတိုလေးတွေ။

ဘယ်သူက ဘာ Link လာပို့ပို့ ဝင်မကြည့်တတ်လို့ ဒီတိုင်းထားထားပေမယ့် ဒီနေ့တော့ လာပို့တာ ၂ ယောက်ရှိသွားပြီမို့လို့ Link ကို တိုက်ရိုက်မနှိပ်ပဲ Copy ယူပြီး ဘာ Facebook account မှ ဖွင့်မထား၊ ဝင်မထားတဲ့ Browser တခုထဲမှာ သွားထည့်ဖွင့်ကြည့်လိုက်တော့ Phishing ဖြစ်နေမှန်းသိလိုက်ရတယ်။

အူတူတူ အတတနဲ့ အလကားရတာပဲဟဆိုတဲ့သူတွေ၊ ဘာလည်းမသိဘူး ဝင်စပ်စုကြည့်ဦးမှပဲဆိုတဲ့သူတွေ၊ ဆိုရင်တော့ Link ကို နှိပ်ကြည့်( ဝင်ကြည့် ) လိုက်တာနဲ့ ခံလိုက်ရပြီသာမှတ်ပဲ၊ အရင်ဆုံး Access Token အခိုးခံရမယ်၊ Phishing မိမယ်၊ ကိုယ့်အကောင့်က Spammer အကောင့်ဖြစ်မယ်၊ Account Hack ခံရမယ်၊ Blackmail လုပ်ခံရမယ်၊ Personal Attack လုပ်ခံရမယ်၊ Link လေးတခုနှိပ်ကြည့်မိလိုက်တာနဲ့ အဲ့လိုတွေခံရနိုင်တယ်။

1. ပထမဆုံး Link ကိုနှိပ်လိုက်တာနဲ့ Facebook Account ရဲ့ Access Token( User Name and Password နဲ့အတူတူ ) ကို အရင်ဆုံးပေးလိုက်ရပါပြီ၊ အဲ့ဒါဆိုရင် ကိုယ့်အကောင့်ကို တဖက်ကထောင်ဖမ်းထားသူက လုပ်ချင်တာလုပ်လို့ရသွားပါပြီ ဘာလို့လည်းဆိုတော့ အဲ့ဒီ Short Link နောက်ကွယ်က Link ထဲမှာ ကိုယ့်အကောင့်ကို လုပ်ချင်တာလုပ်ခွင့်ပေးဖို့ Permissions တောင်းထားတာပါပြီးသားဖြစ်နေလို့ပါပဲ။

2. နောက်တခုက Link ကိုနှိပ်လိုက်တဲ့အချိန် ကိုယ့်အကောင့်ကြီး Logout ထွက်သွားလို့ Login ပြန်ဝင်ခိုင်းနေတာမျိုးမို့ ကိုယ့်ရဲ့ User Name နဲ့ Password ကိုထည့်ပြီး Login ဝင်လိုက်တာနဲ့ တဖက်ကို ကိုယ့်ရဲ့ User Name နဲ့ Password ကို ပေးပို့ပြီးသားဖြစ်သွားပါပြီ၊ တဖက်က Log file ကိုဖွင့်ကြည့်ပြီး ကိုယ့် အချက်အလက်တွေနဲ့ Login မဝင်မချင်းတော့ ကိုယ့်အကောင့် ပါဦးမှာမဟုတ်ဘူး၊ ဝင်ကြည့်ပြီး အကုန်ချိန်းယူသွားရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ‌ပေါ့။
ဒီနေရာမှာ ကိုယ့်အကောင့်က Two-factor လိုမျိုး Login Approved code ခံထားတယ်ဆိုရင်တော့ တဖက်က အလွယ်တကူဝင်လာလို့ရမှာမဟုတ်ပါဘူး၊ ဒါပေမယ့် Login Approved ကိုဖြုတ်တာက မြန်ရင် ၅ မိနစ်အတွင်းပြုတ်သလို၊ အလွန်ဆုံးကြာရင် 12 နာရီကနေ 24 နာရီအတွင်းမှာပဲ ပြုတ်အောင်ဖြုတ်လို့ရသွားတတ်ပါတယ်၊ Account Security ကို ဘာဆိုဘာမှမလုပ်ထားတဲ့သူတွေကတော့ ခံပေတော့ပဲ။

3. အဲ့ဒီ Link ကိုဝင်လိုက်မိတာနဲ့ ကိုယ့်အကောင့်နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတင်ရယူသွားတာမဟုတ်ပဲ ကိုယ့် Friend List ထဲက လူတွေရဲ့ Account info တွေကိုပါ ရယူဖို့လုပ်ထားတာကိုတွေ့ရပါတယ်၊ ကိုယ့်အကောင့် info ပါရုံတင်မက၊ ကိုယ့် Friend တွေရဲ့ info တွေပါ အူတူတူအတတနဲ့ပါအောင်လုပ်ဖို့ စီစဉ်ပေးထားပါသေးတယ်။
အကောင်းဆုံးကတော့ ဘယ်သူက ဘာ Link တွေလာပို့ပို့ ဖင်ယားပြီး ဖွင့်မကြည့်၊၊ ဝင်မကြည့်ကြဖို့လိုပါတယ်၊ အဲ့ဒါမှ ကိုယ့်အကောင့်ရော ကိုယ့်သူငယ်ချင်းတွေရဲ့အကောင့်တွေကို Safe ဖြစ်စေမှာပါ။

ဒါက အင်တာနက် 1000GB အလကားရမယ်ဆိုပြီး ပို့လာတဲ့ Message.

________________________
To counter the Corona virus 🦠 we offer you *1000GB* of free internet Connection to stay at home safely and enjoy the internet Activate the internet package 🌐 👇🏼 *Get it now HERE* 👇🏼
https://shorturl .at/ksFMN
________________________
သူပေးထားတဲ့ ဒီ Link https://shorturl .at/ksFMN ကို ယူပြီးဖွင့်ကြည့်လိုက်တော့ အောက်ကခေါင်းစဉ်နဲ့ Facebook login ကိုတွေ့တယ်၊ Messenger ထဲကနေတာ တန်းနှိပ်လိုက်ရင် နားကားပြီပဲ။
Log in to your Facebook account to connect to Gbs Internet
ဒါက ပါမစ်တောင်းထားတဲ့ Link -
https://mobile.facebook.com/login.php…
ဒါက နောက်ဆုံးအဆင့်မှာတွေ့ရမယ့်နေရာ၊ အူတူတူအတတနဲ့ လိုက်လုပ်ခဲ့ရင် ကိုယ့် Friend list ထဲက အကောင့်တွေပါ ဒုက္ခရောက်သွားစေအောင်စီစဉ်ပေးထားတဲ့နေရာ -
https://100gb .xyz/
______________________________

ဒါကနောက်တခု Netflix Premium ကို 2 လ Free ရမယ်ဆိုတဲ့ဟာ။ 

__________________
*2 Months of Netflix Premium Free at no cost For REASON OF QUARANTINE (CORONA VIRUS)*
Get 2 Months of Netflix Premium Free anywhere in the world for 60 days.
👇🏼 *Get it now HERE* 👇🏼
https://bit. ly/3caSifQ
__________________
Log in to your Facebook account to connect to Netflix
https://mobile.facebook.com/login.php…
https://flixy .xyz/
__________________
နောက်ဆုံးအနေနဲ့ပြောချင်တာက အပေါ်ကလို Messenger ကနေလာပို့ရင် လောဘဇောတက်ပြီး လျှောက်ဝင်မကြည့်၊ နှိပ်မကြည့်ကြပါနဲ့၊ အခုလို မက်လုံးပေးပြီ ထောင်ဖမ်းထားတာမျိုးမှမဟုတ်ဘူး ဘယ်သူ့အကောင့်တွေကနေ၊ ဘာ Link လာပို့ပို့ ဝင်မကြည့်ကြပါနဲ့ ဘယ်လောက်ပဲရင်းနှီးတဲ့သူ၊ ယုံကြည်ရပါတယ်ဆိုတဲ့သူက လာပို့တာပဲဖြစ်ဖြစ် လာပို့တဲ့ Link တွေကို နှိပ်မကြည့်ကြပါနဲ့၊ ဖင်ယားပြီး နှိပ်ကြည့်မိရင်တော့ ကိုယ်ဖြစ်တာကိုယ့်ဘာသာခံကြပါ၊ တခုခုဆက်ဖြစ်လာတော့မှ အဖေကယ်ပါ၊ အမေကယ်ပါတွေ မလုပ်ကြပါနဲ့။
Covid-19 ကာလမှာ သတိထားပြီး ရှောင်ရှားနိုင်ကြပါစေ။

[[ Edit လုပ်ပြီးထပ်ဖြည့် ]]

လာပို့တဲ့ Link ကိုဝင်ကြည့်မိထားတယ် ဘယ်လိုလုပ်ရမလဲဆိုတဲ့သူတွေအတွက်...

1. Password ချိန်း။

2. Settings => Security and Login => Where your login မှာ See All ကိုနှိပ်ပြီးစစ်၊ ပြီးရင် Logout All Device လုပ်။

3. Apps and Website ထဲဝင်ပြီး Login with Facebook နောက်နားက Edit လေးကိုနှိပ် အထဲကိုဝင်ပြီး log ကို Delete လုပ်။

အဲ့ဒါဆို ရပါပြီ။

ချစ်ခြင်းအားဖြင့်
Aung Kyaw Soe( 14.4.2020 - 5:21 PM )

#Covid19 #Coronavirus #Security #CyberSecurity #Phishing #Scam #ScamMessage #ScamLink

မူရင်းပို့စ် - 
-     
  




-     
  
Facebook မြန်မာနိုင်ငံမှာနေထိုင်သူတွေအတွက် Auto convert လုပ်ပေးထားလို့ Unicode နဲ့ရေးရေး၊ Zawgyi နဲ့ရေးရေး၊ အမှန်မြင်ရပါတယ်။

မမှန်ဘူးဖြစ်နေရင်....
Facebook app, Messenger app, တွေကို Update လုပ်ကြည့်ပြီး ပြန်သုံးကြည့်ပါ။

App တွေကို Update လုပ်ပြီးတာတောင်မရသေးဘူးဆိုရင်...
Facebook ကို Login and Log Out ကို ၂ ခါ ၃ ခါ လုပ်ကြည့်ပြီးပြန်သုံးကြည့်ပါ။( မရမချင်းလုပ်ကြည့်ပါ။ )
_______________________________

Facebook ထဲမှာတော့ Auto Convert ရနေပြီး Messenger ပဲ Auto convert မရတာဆိုရင် ဒီလိုလုပ်ပါ။

ဖုန်းထဲက Settings => App => Messenger ထဲကို အဆင့်ဆင့် ဝင်ပြီး Clear cache နဲ့ Clear data လုပ်ပါ။

ပြီးရင် Messenger ကို မဖွင့်ပဲ Facebook App ကိုဖွင့်ပြီး Message ကိုဖွင့်လိုက်ပါ။ Messenger ကို အလိုလျောက်ချိတ်ပေးသွားပြီး Auto Convert ရသွားပါလိမ့်မယ်။

သတိပြုရန်// လက်ရှိ ရောက်နေတာက မြန်မာပြည် Location ထဲမှာမဟုတ်ရင် Auto convert က မရဘူး။ မြန်မာနိုင်ငံမှာနေတဲ့သူတွေပဲရမယ်။ ပြည်ပဆို အနီးဆုံး ထိုင်း၊ မလေး၊ စင်္ကာပူ၊ တွေမှာလည်းမရဘူး။ မြန်မာပြည်တွင်း တခုပဲ Auto convert ရပါမယ်။

https://web.facebook.com/MyanmarUnicodeSupport/posts/


မူရင်းပို့စ် -
-     
  




-     
  
Covid-19 ကို လူတိုင်းစိတ်ဝင်စားပြီး လူတိုင်းကြောက်ရွံ့နေချိန် နည်းပညာပိုင်း၊ Cyber Security ပိုင်းမှာလည်း Covid-19 နဲ့ပတ်သက်ပြီး ဒီလိုကြောက်စရာကောင်းတဲ့အရာတွေ ပေါ်ထွက်လာနေတယ်ဆိုတာသိထားပြီး သတိထားမိကြဖို့လိုပါတယ်။ သိလည်းမသိဘူး၊ သတိလည်းမထားမိဘူး၊ ကိုယ်နဲ့မဆိုင်ဘူးလို့ လျစ်လျူရှုထားလိုက်ရင် ခံရမယ့်သူက ကိုယ်ဖြစ်သွားနိုင်ပါတယ်။



အခုလို Ransomware တွေ မြန်မာပြည်မှာ သိသိသာသာနဲ့ထိလာတာ အလွန်ဆုံး ၃ နှစ်၊ ၄ နှစ်၊ ဝန်းကျင်ပဲရှိဦးမယ်ထင်တယ်။ နဂိုက ကွန်ပြူတာ( Desktop, Laptop ) တွေမှာပဲ အထိများခဲ့ပေမယ့် အခုဆိုရင် Mobile Phone အသုံးပြုသူများလာတာနဲ့အမျှ Mobile user တွေကို Target ထားတဲ့ Ransomware တွေ အများအပြားထွက်လာနေပြီဖြစ်ပါတယ်။ သူ့ရဲ့လုပ်ဆောင်ပုံက ကြောက်ဖို့ကောင်းလို့ လူတိုင်းသတိထားသင့်ပါတယ်။

Ransomware ထိရင်ဘာဖြစ်လဲ?
Ransomware ထိရင် ဘာဖြစ်နိုင်လည်းဆိုတော့ ကိုယ့်ရဲ့ Computer, Mobile တွေထဲမှာရှိတဲ့ Data တွေကို သုံးလို့မရတော့အောင်လုပ်ခံလိုက်ရပြီး ပြန်လည်အသုံးပြုချင်တယ်ဆိုရင် သူတို့တောင်းခံထားတဲ့ ငွေကြေးကို ပေးချေလိုက်တော့မှသာ ကိုယ့်ရဲ့အချက်အလက်တွေပြန်လည်ရရှိပြီး အသုံးပြုလို့ရပါတယ်။ 100% ပြန်ရလားဆိုရင်တော့ မရတာများတယ်လို့ပြောလို့ရသလို ပိုက်ဆံတော့ပေးလိုက်ရတယ် ဘာ Data မှ ပြန်မရဘူးဆိုတာမျိုးတွေလည်းရှိပါတယ်။ ဒီတော့ ကိုယ့်ရဲ့ ကွန်ပြူတာတွေ၊ မိုလ်ဘိုင်းဖုန်းတွေကို Ransomware မထိဖို့က ကိုယ့်မှာပဲတာဝန်ရှိတယ်ဆိုတာကို သိထားဖို့လိုပါတယ်။

Ransomware က ဘယ်လိုဝင်ရောက်လာနိုင်တာလဲ?
SS ထဲမှာရေးထားသလိုမျိုး တွေ့ကရာ Website တွေဝင်ကြည့်၊ လျှောက်နှိပ် လျှောက်ကလိတာမျိုးလုပ်ရင်၊ တွေ့ကရာ Computer Software, Mobile App, တွေကို Download လုပ်ပြီးအသုံးပြုရင်၊ Email ထဲမှာပါလာတဲ့ Word File, PDF File, Video File, Photo File, လိုမျိုးတွေကို ဖွင့်ကြည့်မိရင် Ransomware ထိနိုင်ပါတယ်။

Ransomware မထိအောင် ဘယ်လိုကာကွယ်ရမလဲ?
တွေ့ကရာ Website တွေလျှောက်မဝင် လျှောက်မကလိပါနဲ့၊ တွေ့ကရာ Software, Mobile App, တွေကို Download လုပ်ပြီးမသုံးပါနဲ့၊ Email ထဲမှာပါလာတဲ့ Word File, PDF File, Video File, Photo File, လိုမျိုးတွေကို အလွယ်တကူဖွင့်မကြည့်ပါနဲ့၊ မဖြစ်မနေ ဝင်ကြည့်မှရမယ်၊ ဒေါင်းသုံးမှရမယ်၊ ဖွင့်ကြည့်မှရမယ်၊ ဆိုခဲ့လျှင် ကိုယ်ဝင်ကြည့်မည့် Website address, Download ပြလုပ်ထားသည့် File, Email ထဲမှာပါလာတဲ့ File, တွေကို ဒီတိုင်း လက်လွတ်စပါယ်ဖွင့်မကြည့်ပဲ www.virustotal.com
လိုမျိုး Website ထဲမှာထည့်ပြီး Scan ဖတ်ပြီး Safe ဖြစ်တယ်ဆိုတော့မှသာ ဝင်ကြည့်၊ ဖွင့်ကြည့်၊ သုံးကြည့်ပါလို့ တိုက်တွန်းရင်းနဲ့ ကြောက်စရာကောင်းတဲ့ Ransomware ကို သတိထားပြီးရှောင်ရှားကြပါလို့ နောက်ဆုံးအနေနဲ့ ပြောချင်ပါတယ်။

Aung Kyaw Soe ( 16.3.2020 - 10:58 AM )

SS ထဲမှာပါတဲ့ မူရင်းပို့စ် => https://www.facebook.com/lolsecmm/posts/1321720024703934
________________

အားလုံးပဲ ဝိုင်းဝန်းကူညီတဲ့အနေနဲ့ သတင်းအမှားဖြန့်ဝေမှုများကိုတွေ့ရှိလာပါက ဒီ Group လေးထဲမှာ ပြန်လည်လာရောက်ပြီး တင်ပေးကြစေလိုပါတယ်။
သတင်းအမှန်များသိရှိနိုင်ရန်အတွက်လည်း သတင်းအမှန်များကို Information Sharing ပြုလုပ်ပေးနိုင်ပါတယ်။

ဒီ COVID-19 သတင်းအမှားတင်သူများရှာဖွေဖော်ထုတ်ရေး Group လေးထဲကို Join မထားရသေးဘူးဆိုရင် အခုပဲ Join ပြုလုပ်ပြီး သတင်းမှန်များ၊ သတင်းမှားတင်ထားသည့်များကို လာရောက်တင်ပေးကြပါဦး။
Group ထဲကို Join လိုပါက ...
Web Address: https://www.facebook.com/groups/Covid19infoMyanmar
________________
#Covid19 #Coronavirus #FakeNews #FactChecking
#Covid19FakeNews #CoronavirusFakeNews #FakeNewsCovid19 #Covid19FactChecking
#Covid19infoMyanmar #Covid19infoMyanmarGroup

မူရင်းတင်ထားသည့်ပို့စ် -


-     
  




-     
  
Message ကနေလာပြီး Messenger ဖွင့်မရဘူးဖြစ်နေတယ်၊ ဖွင့်ပြီး တယောက်ယောက်နဲ့စကားပြောဖို့နှိပ်လိုက်တိုင်း Chat box လည်းတက်မလာဘူး။ Popup box လည်းတက်မလာဘူး။ Force stop လိုဖြစ်ပြီး ရပ်ပြီးပျောက်ပျောက်သွားတယ်။ ဆိုပြီး လာပြောနေကြတာများလို့ပါ။

အဲ့ဒီလိုဖြစ်နေရင် အရင်ဆုံး Apps Version ကို Update ဖြစ်မဖြစ် အရင်စစ်ကြည့်ပါ။ မဖြစ်သေးရင် Update လုပ်ပြီးသုံးကြည့်ပါ။ Update တော့ဖြစ်နေပြီး Error တက်နေသေးတယ်ဆိုရင်တော့ အောက်ပါအတိုင်းလုပ်ပါ။


Android ဆိုရင် -
ဖုန်းထဲက Settings => Apps => Messenger ဆိုပြီး အဆင့်ဆင့်ဝင်ပါ။ အထဲကိုရောက်ပြီဆိုရင် Clear cache လေးအရင်လုပ်ပြီး၊ Clear data ဆက်လုပ်ပါ။ ပြီလျှင် Force stop ဆိုတာလေးကို နှိပ်ပြီး ပြန်ထွက်လိုက်ပါ။

iOS ( iPhone, iPad ) ဆိုရင် -
Messenger App ကိုဖျက်ပြီး အသစ်ပြန်ဒေါင်းထည့်ပါ။

အထက်ပါ အတိုင်းလုပ်ပြီးပါက Messenger ကို ဒီတိုင်းမဖွင့်ပါနဲ့။ Facebook ထဲကိုဝင်ပြီး Message icon လေးကိုနှိပ်ဖွင့်ပြီး Continue လုပ်ပြီးတာနဲ့ Not Now လေးတွေချည်းပဲလုပ်ပေးလိုက်ပါ။ Messenger ထဲရောက်သွားပြီဆိုတာနဲ့ ပြန်သုံးကြည့်လိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်။


Version Update ပြုလုပ်ရန်၊ သို့မဟုတ် Official App များကို Download ပြုလုပ်ရန်။

Android - https://play.google.com/store/apps/details…

iOS - https://apps.apple.com/us/app/messenger/id454638411

#Facebook #Messenger #FacebookMessenger #Error #MessengerError

မူရင်းပို့စ် -
-     
  




-     
  
Account တွေ Hack ခံရတယ်။ Blackmail တွေ အလုပ်ခံရတယ်။ ကိုယ့်နာမည်၊ ကိုယ့်ပုံတွေနဲ့ Personal Attack တွေလုပ်ခံရတယ်။ ငွေတွေအလိမ်ခံရတယ်။ အရှက်တကွဲအကျိုးနည်းဖြစ်ကြရတယ်။ ဂုဏ်သိက္ခာတွေကျဆင်းရတယ်။

အဲ့လိုတွေဘယ်လောက်ဖြစ်ဖြစ် သာမန်ပြည်သူတွေအတွက် ထိရောက်စွာကာကွယ်ပေး၊ ကူညီပေး၊ စောင့်ရှောက်ပေးတဲ့သူတွေမရှိသေးဘူး။

Cyber Crime တွေဖြစ်လာလို့ အကူအညီရလိုရငြား ရဲစခန်းတွေမှာအမှုသွားဖွင့်ရင် ငြင်းလွှတ်တာနဲ့၊ ဖွင့်မနေနဲ့ အလုပ်ရှုပ်တာပဲအဖတ်တယ်မယ်ပြောတာနဲ့၊ အမှုတော့ဖွင့်ပေးလိုက်ပါရဲ့ ဘာမှဆက်ဖြစ်မလာတော့တာနဲ့၊ အဲ့လိုတွေနဲ့ပဲ ဘာမှထူးခြားမလာတဲ့အဆုံးသတ်တွေနဲ့ စိတ်ပျက်စရာအနေအထားပဲဖြစ်နေခဲ့တယ်။ ( ရဲစခန်းကအမှုဖွင့်မပေးရင်ဘာလုပ်ကြမလဲ ??? )

တကယ်ဆို ထိထိရောက်ရောက်ကိုင်တွယ်လို့၊ အရေးယူအပြစ်ပေးလို့၊ ရနိုင်ပါလျက်နဲ့ အရေးယူဆောင်ရွက်လို့မရအောင်ဖြစ်နေရတဲ့အကြောင်းရင်းကရှိနေတယ်။ အဲ့ဒါကတော့ ကျူးလွန်သူတွေကိုကာကွယ်ပေးနေတဲ့ ဥပဒေက "နိုင်၊ လွတ်၊ လုံ" ဆိုတဲ့ ဥပဒေကြီးပဲ။
ပြည်သူတွေ အရေးရယ်အကြောင်းရယ်ဖြစ်ချိန် အဲ့ဒီ "နိုင်၊ လွတ်၊ လုံ" ဆိုတဲ့ ဥပဒေကြီးကာနေတာနဲ့ ဘာဆိုဘာမှလုပ်မရတဲ့အခြေအနေဖြစ်နေတယ်။ တာဝန်ရှိတဲ့သူတွေကလည်း အဲ့ဒါနဲ့ပဲကိုင်ပေါက်ပြီး ဘာမှလုပ်မပေးကြတော့ ဒီလိုဖြစ်စဉ်မျိုးတွေနဲ့ ခွေးမသားသမီးတွေက လူတွေကိုဒုက္ခပေးပြီး သူဌေးတောင်ဖြစ်နေကြပြီ။

ဒီနေရာမှာ ပြည်သူတွေမဟုတ်ပဲ နိုင်ငံတော်အကြီးအကဲတွေ Cyber Crime နဲ့ပတ်သက်တာဖြစ်ရင် ချက်ချင်း Action ယူပြီးဖြေရှင်းပေးတယ်။

ဥပမာ - ဒေါ်စု၊ သမ္မတ၊ ကာချုပ်၊ ဝန်ကြီး၊ တွေကိုသာ Online ပေါ်ကနေ Personal attack လေးပဲလုပ်ကြည့်၊ ချက်ချင်းအရေးယူဖို့ ချက်ချင်းခြေရာခံ၊ ချက်ချင်းတရားခံဖမ်းပါ ထလုပ်တယ်။

အဓိကမေးချင်တာက နိုင်ငံတနိုင်ငံက လူတိုင်းအတွက်ထုတ်ပြန်ထားတဲ့ဥပဒေတွေက ကျောသားရင်သားခွဲခြားထားပြီး မျက်နှာကြီးရာပဲ ဟင်းဖတ်ပါတဲ့အနေအထားမျိုးလားဆိုတာပါပဲ။

ပေါ်တင်ပြောရရင် ပြည်သူတွေအတွက်မဟုတ်ပဲ အကြီးအကဲတွေအတွက်ပဲ အခွင့်ထူးခံလို့ရတာမျိုးတွေများလားလို့တောင် ထင်မိတယ်။

ဘယ်တော့များမှ တသားထဲကျတဲ့ တန်းတူညီတူအခွင့်အရေးမျိုးတွေရှိလာမှာပါလိမ့်။ 😏😏😏

လက်ရှိတော့ တာဝန်ရှိတဲ့သူတွေဘက်က တာဝန်ယူမှု၊ တာဝန်ခံမှု၊ ကိုယ်ချင်းစာမှု၊ ကိုယ်လုပ်ရမယ့်အလုပ်တွေကို ကျေပွန်စွာလုပ်ဆောင်မှုတွေ ပျောက်ဆုံးနေကြတယ်လို့ပဲမြင်မိတယ်။ 🙄🙄🙄
Video Credit: Z Media
#Facebook #FacebookAccount #FacebookAccountHack #Hack #CyberCrime #Blackmail #PersonalAttack

Video File - 
-     
  




-     
  
အခုနောက်ပိုင်း အကောင့်ခိုးပြီးလုပ်စားနေတဲ့ မိမဆုံးမ၊ ဖမဆုံးမ၊ သန္ဓေယုတ်တဲ့ ခွေးသူခိုးတွေက Account ခိုးနည်းကို တမျိုးပြောင်းပြီးလုပ်တာကိုတွေ့ရတယ်။ အရင်တုန်းကဆိုရင် Recovery test, I Can't login, Phishing, တွေနဲ့ခိုးခဲ့ပေမယ့် အခု OTP Code လေးတွေတောင်းပြီးခိုးကြတယ်။









အတဲ့သူတွေကလည်း ကိုယ့်ဖုန်းထဲကိုဝင်လာတဲ့ OTP( One Time Password ) က ကိုယ်နဲ့ပဲသက်ဆိုင်တယ်၊ အရေးကြီးတဲ့ဟာ၊ ဆိုတာကိုမသိပဲ လာတောင်းတာနဲ့ ပေးလိုက်ကြတော့တာပဲ။

အဲ့လိုပေးလိုက်တာက ကိုယ့် Account ရဲ့ Password ကို ကိုယ် ကိုယ်တိုင်ပေးလိုက်တာနဲ့အတူတူပဲဖြစ်သွားတယ်ဆိုတာကို မသိကြဘူး။ ဝင်လာတဲ့ Message ကို သေခြာမဖတ်ကြည့်တာလည်းပါမယ်။ Facebook password ကို တဖက်က Reset ချလိုက်တာနဲ့ ကိုယ့်ဖုန်းထဲမှာ "123456 is your Facebook password reset code." ဆိုပြီးဝင်လာတယ်။ "ဒီ 123456 က သင့်ဖေ့ဘွတ် Password ကို ပြောင်းလဲရန်ကုတ်နံပါတ်ဖြစ်ပါတယ်။" ဆိုပြီးပါပြီးသား၊ အဲ့ဒါကို သေခြာမဖတ်ကြည့်ပဲ တဖက်လူက ဝင်လာတဲ့ Code လေး ပြန်ပို့ပေးပါဆိုတာနဲ့ အူတူတူအတတနဲ့ သွားပေးလိုက်တယ်၊ ပေးပြီးမကြာဘူး အကောင့်လေးကို ခွေးသူခိုးတွေက သမသွားရော။

Account ပါသွားပြီဆိုတာနဲ့ နောက်ဆက်တွဲက အရှက်ကွဲစရာတွေ၊ ငွေကုန်ပေါက်တွေထပ်ဖြစ်ကုန်တယ်။ အမိယုတ်၊ အဖယုတ်လို့ သန္ဓေယုတ်ဖြစ်လာတဲ့ ခွေးသူခိုးတွေက အကောင့်ပိုင်ရှင်ကိုရော၊ အဲ့ဒီအကောင့်ထဲက Friend list တွေထဲကရော ငွေတွေကို နည်းပေါင်းစုံနဲ့ လိမ်တောင်းတော့တာပါပဲ။

Online ပေါ်ကနေ ငွေချေးတိုင်း ဘာကြောင့် အလွယ်တကူမလွှဲပေးသင့်တာလဲ?
ဒီနေ့လိုခေတ်မှာက Mobile Money, Mobile Banking, Mobile Payment, တွေအသုံးများလာတော့ အကောင့်ကို ခိုးထားတဲ့ခွေးသူခိုးတွေက ဘယ်သူရေ၊ ဘယ်ဝါရေ၊ အရေးပေါ်ငွေလိုနေလို့ ခနချေးပါလား၊ အခုလွှဲပေးပါလား၊ ဆိုတာနဲ့ ချက်ချင်းကောက်လွှဲပေးလိုက်တော့တာပဲ။ ( အဲ့လို အလွယ်တကူနဲ့ ယုံကြည်ပြီးလွှဲပေးတဲ့သူတွေကလည်း ငအူတွေ၊ ငအတွေပဲလို့ ပြောရမှာပါ။ )
ဒီနေရာမှာ တခုထပ်ပြောချင်တာက Online ပေါ်ကနေ ဘယ်သူပဲဖြစ်ဖြစ်( ကိုယ့်မိသားစုဝင်၊ အရမ်းခင်မင်ရတဲ့ သူငယ်ချင်းမိတ်ဆွေတွေပဲဖြစ်ဖြစ် ) ပိုက်ဆံလွှဲပေးပါလားဆိုတိုင်း အလွယ်တကူ လုံးဝမှ မလွှဲပေးကြပါနဲ့ ဆိုတာပါပဲ။ ဘယ်လိုပတ်သက်မှုပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ ရင်းနှီး ရင်းနှီး၊ အလွယ်တကူမလွှဲပေးပါနဲ့ ပိုက်ဆံလာချေးရင်၊ ပိုက်ဆံလာလွှဲခိုင်းရင်၊ ဖုန်းနံပါတ်သိရင် ဖုန်းခေါ်ပါ၊ Video call ခေါ်ပြီးအတည်ပြုပါ၊ တကယ့် ကိုယ်သိတဲ့ ကာယကံရှင် အစစ်အမှန် ဆိုတော့မှသာ လွှဲပေးကြပါ။ ဖုန်းနံပါတ်မသိလို့ Messenger ထဲကနေ Free call နဲ့ ဖုန်းခေါ်လို့၊ Video call ခေါ်လို့၊ မကိုင်ဘူး၊ ဘာဖြစ်လို့ ညာဖြစ်လို့ဆိုပြီး ဆင်ခြေတွေပေးနေရင် လုံးဝ လုံးဝမှကို မလွှဲပေးပါနဲ့ဆိုတာပါပဲ။

OTP( One Time Password ) ဆိုတာဘာလဲ?
အဓိက နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ OTP ဆိုတာ One Time Password ပါ။ ကိုယ့် Facebook account ပဲဖြစ်ဖြစ်၊ ကိုယ့် Mobile Banking တွေအတွက်ပဲဖြစ်ဖြစ်၊ ကိုယ်နဲ့ပဲသက်ဆိုင်တဲ့ အရေးကြီးတဲ့ Code ပါ။ ကိုယ့်ဖုန်းထဲကိုဝင်လာရင် ဘယ်သူ့ကိုမှ မပြပါနဲ့၊ ဘယ်သူ့ကိုမှ မပေးပါနဲ့။ တချို့ OTP တွေက မိနစ်ပိုင်းအတွင်းပဲသုံးလို့ရတာရှိသလို 24 နာရီကျော်မှ သက်တမ်းကုန်တာတွေ၊ အဲ့ဒီ OTP Code ကို မသုံးမချင်း သက်တမ်းမကုန်ပဲ သုံးပြီးမှ သက်တမ်းကုန်တာမျိုးတွေရှိတယ်။

ဒါကြောင့်....
ကိုယ့်ဆီဝင်လာတဲ့ OTP( One Time Password ) ကို ဘယ်သူကိုမှမပြပါနဲ့၊ ဘယ်သူ့ကိုမှ မပေးပါနဲ့။ ကိုယ့်ဖုန်းထဲဝင်လာတဲ့ OTP Code ဟာ ကိုယ်နဲ့ပဲ သက်ဆိုင်တယ်ဆိုတာကို လုံးဝမှ မေ့မထားပါနဲ့ ဆိုတာပါပဲ။
Mobile Banking တွေအသုံးပြုနေပြီး အူတူတူအတတနဲ့ ကိုယ့်ဆီကို ဝင်လာတဲ့ OTP ကို လာတောင်းတိုင်း ပေးမိလိုက်ရင်၊ သို့မဟုတ် Public မှာ Screenshot ရိုက်ပြီး တင်မိရင်၊ အဲ့ဒီ OTP က Financial Transaction ဖြစ်နေခဲ့ရင် ကိုယ့် ဘဏ်အကောင့်ထဲက ပိုက်ဆံတွေပါ ကုန်သွားနိုင်တယ်။

ဘယ်ကဝင်တဲ့ OTP ပဲဖြစ်ဖြစ် ဘယ်သူမှမပြမိ၊ မပေးမိကြပါစေနဲ့လို့ နောက်ဆုံးသတိပေးရင်း ဒီပို့စ်လေးကို ဒီမှာပဲရပ်နားလိုက်ပါပြီ။

အမိယုတ်၊ အဖယုတ်လို့ သန္ဓေယုတ်ဖြစ်လာတဲ့ အောက်တန်းစားခွေးသူခိုး အကောင့်သူခိုးတွေနဲ့ ကင်းဝေးတဲ့သူတွေဖြစ်ကြပါစေ။

Aung Kyaw Soe ( 7.2.2020 - 5:30 PM )

မူရင်းတင်ထားသည့်ပို့ - 
-     
  

Contact Me

Contact With Me

Website, Security, Facebook Boost, All Online Services and Training များကို စျေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနေပါသည်။

  • Pyay Road, Hlaing Twonship, Yangon, Myanmar.
  • 09421157911
  • mr.aungkyawsoe.hgc@gmail.com
  • www.osc-myanmar.com