Online Service Center Myanmar: Security -->

Security

My Blog

Latest blog



-     

  

ကဲ... မရိုးနိုင်တဲ့ အကောင့်ခိုးနည်း၊ Page ခိုးနည်းတွေ ထပ်လာပြန်ပြီနော်။ အူတူတူအတတနဲ့ Security Knowledge သာရှိမထားဘူးဆိုရင် ဒီနည်းနဲ့ #ကိုယ့်အကောင့် #ကိုယ့်Page #ကိုယ့်ဘဏ်ကတ်ထဲကငွေတွေ အကုန်ပါသွားဖို့ရှိတယ်။ 
 
သူနည်းလမ်းက အူတူတူအတတနဲ့ အကောင့်ပိုင်ရှင်တွေဆိုရင် #ဂျင်း ထည့်ခံရမှာသေခြာတယ်၊ ဘာကြောင့်လည်းဆိုတော့ အခုရက်ပိုင်းထဲမှာ Page တွေ၊ အကောင့်တွေကလည်း ခနတိုင်းအပိတ်ခံနေရတာဆိုတော့ သူပြောထားတာဟုတ်များဟုတ်နေမလားဆိုပြီး မစူးစမ်းမဆင်ခြင်ပဲ သူပေးထားတဲ့ Link ထဲကိုဝင်မိတာနဲ့ အကုန်ပါသွားပြီပဲ။ 
 
သူပြောထားတာက " Hello Page ပိုင်ရှင်ရေ မင်းရဲ့အကောင့်ကိုငါတို့ ပိတ်ရပါလိမ့်မယ်၊ ဘာလို့လည်းဆိုတော့ မင်းက Policy or Community Standards မျိုးတွေကိုမလိုက်နာတဲ့အတွက် တစုံတယောက်က Report လုပ်ထားလို့ပါ၊ ဒါကြောင့် မင်းရဲ့အကောင့်အပိတ်မခံရစေဖို့ ဒီနေရာမှာဝင်ရောက်ပြီးအတည်ပြုပေးပါ" ဆိုပြီး Link တခုပေးပြီး #ဂျင်းထည့် ထားတာကြောင့်ပါပဲ။ Page ကိုစထောင်ထားတဲ့ Owner Account နဲ့ ဝင်ခိုင်းထားတာဆို‌တော့ ခိုးပြီး ပြန်ပါမသွားအောင်အထိပါ ရည်ရွယ်ထားပုံရတယ်။ 
 
သူပေးထားတဲ့ Link ကို Test လုပ်ကြည့်တော့ Phishing ( Account, Page, နဲ့ Bank Card ထဲက ငွေတွေကိုခိုးဖို့ လုပ်ထားတဲ့ Facebook login Page အတု ) ဖြစ်နေတယ်။ အဲ့ဒီ Link ကို နှိပ်လိုက်တာနဲ့ Facebook အကောင့်ကို Login ဝင်ခိုင်းထားတာတွေ့ရတယ်၊ အဲ့ဒီနောက်ကွယ်မှာ Page owner access ကိုတိုက်ရိုက်ရယူဖို့လုပ်ထားတာတွေ့ရတယ်၊ နောက်ပြီး ဘဏ်ကတ်အချက်အလက်တွေကိုဖြည့်ခိုင်းထားပြီး ဘဏ်ကတ်ထဲကအချက်အလက်တွေကိုဖြည့်ခိုင်းထားတာကိုလည်းတွေ့ရပြန်တယ်၊ အူတူတူအတတနဲ့သာဆိုရင်တော့ အကုန်ကုန်ပြီပေါ့။
 
ဒါကြောင့် မအူကြပါနဲ့၊ မအကြပါနဲ့ အဲ့လိုဂျင်းလိုက်ထည့်နေတာတွေမှာ အယုံလွယ်ပြီး အကောင့်တွေ Page တွေ၊ ပါမသွားစေဖို့ သတိထားကြပါ။ 
 
#ဂျင်းလိုက်ထည့်နေတဲ့ Page အတု - 
 
 
#ဂျင်းထည့်ထားသည့် Link ( လုံးဝမှဝင်မကြည့်ပါနဲ့ ) -
https://rb. gy/53cmzp
Dear administrator page!
Your account will be disabled.
This is because someone has reported you with a non-compliance with the Terms of Service. If you are the original owner of this account, please re-verify your account to avoid blocking.
Please confirm your account here : https://rb. gy/53cmzp
If you do not confirm, our system will automatically block your account and you will no longer be able to use it.
Thank you for helping us improve our service collaboration.
Facebook security
Facebook team
© Facebook, Inc. 7811 Menlo Park, California, California, 94043,
█║▌│█│║▌║││█║▌
U.S. 2020 Copyright
.
.
 
အပေါ်က ဂျင်းထည့်ခံထားရတဲ့ Page ပိုင်ရှင်တွေထဲမှာ အူတူတူအတတနဲ့လူတွေပါရင်တော့ အကောင့်ရော၊ Page ရော၊ ဘဏ်ကတ်ထဲက အချက်အလက်တွေပါ အခိုးခံရဖို့ 100% ပါပဲ။ 
 
ကဲ... အားလုံးပဲ သတိရှိကြပါ၊ ဒီနည်းနဲ့ အခိုးမခံကြရစေဖို့သတိထားကြပါလို့ပဲ နောက်ဆုံးအနေနဲ့ သတိပေးချင်ပါတယ်။ 
 
Aung Kyaw Soe ( 27.11.2020 - 12:26 AM )

 Photo-2


Photo-3

 


Photo-4

 


Photo-5

 


Photo-6

 


Photo-7

 



Photo-8

 


Photo-9

 ဒီနေရာမှာ ဘုမသိဘမသိနဲ့ Facebook Account ကို Login ဝင်လိုက်ရင် အကုန်ပါသွားပါလိမ့်မယ်။


Photo-10

 ဒီနေရာမှာ ဘဏ်ကတ်နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုဖြည့်ပေးလိုက်ရင် ဘဏ်ကတ်ထဲမှာရှိသမျှပိုက်ဆံတွေလည်း ကုန်သွားပါလိမ့်မယ်။



 

-     
  



-     

  

Online ပေါ်မှာ ဒီလိုမျိုး ခြိမ်းခြောက်ငွေညှစ်တာ၊ အကြပ်ကိုင်တာမျိုးတွေက ဖြစ်ရိုးဖြစ်စဉ်လိုကို ဖြစ်နေပါပြီ၊ ဒါကြောင့် ဒီလိုမျိုးတွေကို ကိုယ်တိုင်ကြုံခဲ့လျင်ပဲဖြစ်ဖြစ်၊ ကိုယ့်အသိမိတ်ဆွေတွေထဲကပဲကြုံတွေ့လာရင်ဖြစ်ဖြစ်၊ လာရောက်ကျူးလွန်သူအလိုကျမလိုက်လျောပါနဲ့၊ အဆိပ်ပင်ရေလောင်းလုပ်ရပ်မျိုးကိုမလုပ်ပါနဲ့လို့ပဲ ပြောချင်ပါတယ်။




ဒီလိုလုပ်စားနေတာမျိုးတွေကို ခနတိုင်းကြားသိနေရတာကြာပါပြီ၊ မကြာသေးခင်ကမှ အသိတယောက်ဖုန်းဆက်လာပြီး သူတို့ကိုးကွယ်နေတဲ့ဆရာတော် ၁ ပါးကို သူ့ Friend list ထဲက ဒကာမတယောက်က Video call ကောက်ခေါ်၊ မဖွယ်မရာလုပ်ပြ၊ SS ချက်ချင်းရိုက်ပြီး ခြိမ်းခြောက်ငွေညှစ်တာမျိုးလုပ်လာလို့ ဘယ်လိုလုပ်ရမလဲဆိုပြီး အကြံတောင်းလာတယ်၊ ပထမတော့ ကိုယ်တွေလည်း ဒီဆရာတော်က Facebook သုံးရင်း ဒကာမတွေနဲ့ အခုလို Chatting တွေလုပ်၊ Video Call ပြော၊ ပလူးပလဲတွေလုပ်နေလို့ အဲ့ဒီလိုအလုပ်ခံရတာလို့ထင်လိုက်မိသေးတယ်၊ နောက်မှသိရတာက အဲ့ဒီဆရာတော်က အွန်လိုင်းပေါ်မှာ တရားဓမ္မတွေကို Sharing လုပ်တာပဲရှိတယ်၊ အဲ့ဒီတယောက်လာအပ်တော့ တရားနာချင်လို့၊ တရားအကြောင်းတွေသိချင်လို့လာအပ်တာပဲဆိုပြီးလက်ခံထားလိုက်တာကနေ တနေ့မှာ အဲ့ဒီလို Video call ခေါ်လာတော့ အမှတ်တမဲ့ကိုင်လိုက်မိတယ်၊ အဲ့ဒီမှာ မဖွယ်မရာတွေလုပ်ပြ SS ချက်ချင်းရိုက် ချက်ချင်းငွေညှစ်တာတွေလုပ်လာတာလို့ ပြန်ပြောတော့မှ အကြောင်းရင်းအမှန်ကိုသိလိုက်ရတာ။

အဲ့ဒီလိုဖြစ်ရပ်မျိုးတွေက ဖြစ်နေတာအများကြီးပဲ ကျူးလွန်နေတဲ့သူတွေက ယောက်ကျားလေး၊ မိန်းကလေး၊ အသက်ကြီးငယ်မရွေးနဲ့ ဆရာတော် သံဃာတော်တွေပါမချန် အကုန်လိုက်ပြီးလုပ်စားနေကြတော့တာ တော်တော်လေးကိုများနေပြီ၊ ကိုယ်တွေသိရတာတောင် ၁၀ ယောက်ကျော်လောက်ရှိနေပြီ၊ တချို့ကျတော့လည်း အရှက်ကွဲမှာစိုးတာနဲ့ ခြိမ်းခြောက်ငွေညှစ်တာနဲ့ပေးလိုက်တော့တယ်၊ အမှန်တကယ်က အဲ့လိုတွေ ပေးနေကြလို့လည်း အခုလို အောက်တန်းစားတွေက ဒီလိုလုပ်ရပ်တွေနဲ့ပိုပြီး လုပ်စားလို့ကောင်းလို့ ဆက်တိုက် လုပ်စားနေကြတော့တာ။

ဒါကြောင့် ဘယ်သူပဲဖြစ်ဖြစ် ဒီလိုမျိုးတွေကြုံလာတဲ့အခါမှာ မရှက်ကြ မကြောက်ကြပါနဲ့ အဲ့ဒီလိုလာရောက်ကျူးလွန်သူတွေရဲ့ ခြိမ်းခြောက်အကြပ်ကိုင်မှုတွေကို ဂရုမစိုက်ပဲ Facebook မှာ ဒီအကောင့်ကတော့ ဒီလိုမျိုးတွေလာရောက်ကျူးလွန်ပြီး ခြိမ်းခြောက်အကြပ်ကိုင်ပြီး ငွေတွေညှစ်နေပါတယ်ဆိုပြီး တလောကလုံးသိအောင် Sharing လုပ်ပေးလိုက်ကြပါ၊ ဒါမှ လူတိုင်းသိပြီး သတိထားပြီးရှောင်ရှားနိုင်ကြမှာဖြစ်သလို၊ ကိုယ်တိုင်ကြုံလာခဲ့ရင်လည်း ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာကို သိသွားကြမှာပါ။

လက်ရှိ အလားတူလုပ်ရပ်မျိုးနဲ့ကျူးလွန်နေတဲ့ အကောင့်တု Profile link => https://www.facebook.com/profile.php?id=100039091072677

( သူ့အကောင့်မှာတင်ထားတဲ့ Profile Photo က အဆိုတော်ညီမလေး Yu Wai Phyo ရဲ့ပုံနဲ့တင်ပြီးလုပ်စားနေတာပါ၊ Cover Photo ကတော့ ဘယ်သူ့ပုံလဲမသိပါ။ )

လက်ရှိ တင်ထားတဲ့ Post ထဲက
Screenshot ရဲ့ မူရင်း Post link => https://www.facebook.com/su.hmunaing/posts/3573977059278974

Online ပေါ်မှာ အောက်တန်းစားအချို့ရဲ့ လိမ်ညာလှည့်ဖြားမှုတွေ၊ ခြိမ်းခြောက်အကြပ်ကိုင်မှုတွေကနေ အားလုံးပဲ ကင်းရှင်းနိုင်ကြပါစေ။

ခြင်းခြင်းအားဖြင့်...

Aung Kyaw Soe ( 24.8.2020 - 10:10 AM ) 

-     
  


 


-     
  
မပိန်းကြပါနဲ့...
အကောင့်တခုက အလွယ်တကူ Hack လုပ်လို့မရပါဘူး။

သုံးနေတဲ့သူရဲ့

Password ကို အလွယ်ပေးမှု။

တွေ့ကရာ Link ဝင်ကြည့်တတ်မှု။

တွေ့ကရာ App တွေ ဒေါင်းသုံးတတ်မှု။

အယုံလွယ်တတ်မှု။

Account Security ပိုင်း ဘာဆိုဘာမှ လုပ်မထားမှု။

တွေ့ကြောင့်ပဲ အကောင့်က အခိုးခံရနိုင်တာပါ။

နောက်တခုတော့ရှိသေးတယ် အဲ့ဒါကတော့ ကိုယ့်အကောင့်ကိုဖွင့်ထားတဲ့ User name နဲ့ Password ကို သိနေတဲ့သူ သို့မဟုတ် ကိုယ့်အကောင့်ကိုဖွင့်ပေးထားတဲ့သူ လက်ချက် ကြောင့်လည်း ခိုးယူခံရတတ်ပါတယ်။

ဒီအတိုင်းတော့ အကောင့်တခုကို အလွယ်တကူခိုးလို့မရနိုင်ဘူး၊ နောက်ဆုံး ကုန်ကုန်ပြောရရင် "ကိုယ်စီးတဲ့မြင်းကို အထီးလား? အမလား? သိအောင်လုပ်မထားတဲ့သူတွေ" ပဲ အကောင့်တွေ Hack လုပ်ခံကြရတာပါ။

ဒါကြောင့် Facebook ထဲမှာ ၁၀၀ ဖိုး ( ၃ ) ပိုဒ် Post ဖတ်နေ၊ Share နေ၊ ကြမယ့်အစား ကိုယ်သုံးနေတဲ့ Facebook အကောင့်နဲ့ပတ်သက်တာလေးတွေကိုတော့ နည်းနည်းလေးလောက်ဖြစ်ဖြစ် သိအောင်လုပ်ထားဖို့လိုပါတယ်။
__________________________

Account Hack ခံရမှာကြောက်နေသူများအတွက် $10 တန် Account Security လုပ်နည်းနဲ့၊ Security Knowledge လေးတွေကို Free တင်ပေးထားပါတယ်။

ဖတ်ပါ၊ မှတ်ပါ၊ လိုက်နာပါ၊ လုပ်ဆောင်ပါ။
https://www.facebook.com/photo.php?fbid=1605181202977970&set=a.933643813465049&type=3

___

Facebook Account လုံခြုံဖို့ ( Hack လုပ်မခံရဖို့ ) မဖြစ်မနေသိထား၊ လုပ်ထားသင့်တဲ့အရာလေးတွေပါ။

https://www.facebook.com/aungkyawsoe.sb/posts/1454842658011826

___

"Facebook Account Hack လုပ်( ခိုးယူခြင်း )မခံရအောင်ကာကွယ်ပါ"

https://www.facebook.com/aungkyawsoe.sb/posts/1000973386732091

___

Account ဘာလို့ Hack ခံရတာလဲ?

https://www.facebook.com/aungkyawsoe.sb/posts/1421213894708036

___

OTP( One Time Password )တောင်းပြီး Account hack ခံရခြင်းမှကင်းဝေးစေဖို့ or လူတိုင်းမအကြစေဖို့

https://www.facebook.com/aungkyawsoe.sb/posts/1514364828726275

___

Bank card and Bank Account တွေနဲ့ Online Payment အသုံးပြုသူများ သတိထားနိုင်ရန်

https://www.facebook.com/aungkyawsoe.sb/posts/1462716733891085

___

ကိုယ့်ရဲ့ Facebook Page လေးတွေ Hack လုပ်မခံရစေဖို့

https://www.facebook.com/aungkyawsoe.sb/posts/1592432500919507

___

အပေါ်ကလို ပို့စ်တွေနဲ့ အခြား ဗဟုသုတရစေမယ့် Post တွေကို အောက်က Link ထဲမှာ အကုန်ဝင်ဖတ်လို့ရတယ်။

https://www.osc-myanmar.com/p/sitemap.html

ခဏခဏ လက်ညောင်းအောင်ရေးပြီး Sharing လုပ်ပေးနေလည်း အရေထူလူသားတွေက ဂရုကိုမစိုက်ကြဘူး၊ အကောင့်တွေ Hack လုပ်ခံကြရတော့မှာသာ အဖေကယ်ပါ၊ အမေကယ်ပါတွေဖြစ်ကုန်ကြတာ၊ တကယ်လည်း စိတ်ပျက်မိပါတယ်။ 😕
 
-     
  



-     
  

Account Hack ခံရမှာကြောက်နေသူများအတွက် $10 တန် Account Security လုပ်နည်းနဲ့၊ Security Knowledge လေးတွေကို Free တင်ပေးထားပါတယ်။

ဖတ်ပါ၊ မှတ်ပါ၊ လိုက်နာပါ၊ လုပ်ဆောင်ပါ။

ဒီအတိုင်းလုပ်ထားရင်၊ လိုက်နာထားရင် ကိုယ့်အကောင့် အခိုးခံရမှာ၊ ကိုယ့်အကောင့်ကိုခိုးပြီး မဟုတ်တာတွေလုပ်သွားမှာ၊ တွေအတွက် ဘာမှ ပူနေစရာမလိုပါဘူး။

အဓိက တာဝန်ရှိတာက ကိုယ်သုံးနေတဲ့အကောင့်လေးတွေကို ကိုယ်တိုင် Security မြှင့်ပြီးသုံးထားဖို့ရယ်၊ ဘယ်လိုအရာတွေကိုလုပ်မိရင် ကိုယ့်အကောင့် အခိုးခံရနိုင်တယ်ဆိုတာကို သိထားဖို့ပဲလိုတာပါ။

Facebook တော့သုံးနေပြီး ကိုယ့်အကောင့် Hack လုပ်မခံရဖို့၊ လုံခြုံအောင်ထားဖို့က ကိုယ် ကိုယ်တိုင်လုပ်မှ၊ ကိုယ် ကိုယ်တိုင်သိထားမှ၊ ရမှာပါ။

မြင်းတော့အမြဲတမ်းစီးနေပြီး ကိုယ်စီးနေတဲ့မြင်းကို အထီးလား အမလားသိအောင်လုပ်မထားရင် မလုပ်ထားသူအပြစ်ပါပဲ။

ကိုယ့်အကောင့်ကိုယ် လုံခြုံအောင်လုပ်မထားပဲ Hack လုပ်ခံရတော့မှ၊ ကိုယ့်နာမည်၊ ကိုယ်ပုံတွေနဲ့ ကိုယ့်အကောင့်ကြီးနဲ့ ပိုက်ဆံတွေလိုက်လိမ်နေတော့မှ၊ မဟုတ်တာတွေလိုက်လုပ်နေတော့မှ၊ အဖေကယ်ပါ ‌အမေကယ်ပါတွေမလုပ်ကြပဲ၊ ဘာမှမဖြစ်သေးခင်ကတည်းက ဘာမှ မခဲယဉ်းတဲ့၊ ဘာမှမခက်ခဲတဲ့၊ အကောင့် Security မြှုင့်နည်းလေးတွေကို သေခြာလေးလိုက်လုပ်ထားကြပါလို့ပဲ ပြောချင်ပါတယ်။

အကောင့်လုံခြုံစေဖို့ ဒီမှာဝင်ဖတ်ပြီး လိုက်လုပ်ပါ။


https://m.facebook.com/story.php?story_fbid=1454842658011826&id=100004583169241

မူရင်းတင်ထားသည့်ပို့စ် - 
-     
  



-     
  


ဒီအကြောင်းအရာကို 5.10.2019 လောက်ကတည်းက ရေးမယ်ဆိုပြီး မရေးဖြစ်ခဲ့တာ အခုဆိုရင် ၂၀၂၀ နှစ်ဝက်လောက်နီးနီးတောင်ဖြစ်လာပြီ၊ ဒီရက်ပိုင်းထဲမှာ Page တွေ Hack ခံရလို့ဆိုပြီး အကူအညီလာတောင်းတာတွေများလာတော့မှ ဒီအကြောင်းအရာလေးကို ရေးပေးလိုက်ဦးမယ်ဆိုပြီး ရေးဖြစ်သွားတာ။

အခုနည်းနဲ့ Page တွေ Hack လုပ်ခံရတာတွေမှာတော့ Page admin တွေရဲ့ အသုံးမကျမှုတွေကြောင့်၊ Cyber Security နဲ့ပတ်သက်တဲ့ Knowledge တွေ မရှိတာကြောင့်၊ ခိုးယူခံရတယ်ဆိုရင် မမှားပါဘူး၊ ဘာလို့လည်းဆိုတော့ Page Admin တွေကိုယ်တိုင်က Permission ပေးမိလို့သာ Page တွေ Hack လုပ်ခံကြရတာပါ၊ အဲ့ဒီလို Hack လုပ်ခံရချိန်ထိတောင် ဘယ်လိုနည်းနဲ့ ပါသွားတာလည်းဆိုပြီးမသိကြတဲ့သူတွေလည်းအများကြီးပါ၊ ဥပမာ ကိုယ့်အကောင့်ထဲကနေ Page ကြီးပျောက်သွားတယ် ဘာဖြစ်တာလည်းမသိဘူး ဆိုတာမျိုးတွေပေါ့။

ဘယ်လိုနည်းနဲ့ Page ကို Hack လုပ်သွားတာလဲ?
ဒီနည်းတွေက Page ကိုင်ထားတဲ့ Admin account ကို Hack လုပ်စရာလိုပဲ Page ကိုပဲ သီးသန့်ရယူသွားတာမျိုးပါ၊ ဘယ်လိုနည်းတွေနဲ့လုပ်သွားလည်းဆိုရင် SE(Social Engineering) ထိုးပြီး Permission ရအောင်ယူသွားတာမျိုးတွေပါ။

1. Page Message ထဲမှာလာပြီး မင်းရဲ့ Page မှာ ငါတို့ရဲ့ Post ( Photo, Video, Website link ) လေးတွေတင်ပေးရမယ်၊ ၁ ပတ် or ၁ လကို USD $2000 ပေးမယ်၊ $3000 ပေးမယ်၊ မင်းအနေနဲ့ ငါ့ကို Editor လောက်ပဲထည့်ပေးပါ၊ ဒါမှမဟုတ် မင်း Facebook account နဲ့ ငါ့ကို Add ပေးပါ ဆိုတာမျိုးတွေရယ်၊ Page Admin ပေးဖို့မလိုပါဘူး ငါတို့ရဲ့ Business Group ထဲမှာ Join လုပ်ပေးထားဖို့ပဲလိုပါတယ်ဆိုပြီး business.facebook.com နဲ့စတဲ့ Link တခုကိုပေးပြီး Join လုပ်ခိုင်းပါလိမ့်မယ်၊ အဲ့ဒီ Link ကိုနှိပ်မိသွားပြီး အဆင့်ဆင့်လိုက်လုပ်မိသွားတာနဲ့ ကိုယ့် Page ရဲ့ လုပ်ပိုင်ခွင့်တွေကို သူတို့ကိုလွှဲပေးလိုက်ပြီးသွားဖြစ်သွားတတ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Page Hack လုပ်ခံလိုက်ရကြောင်းသိသွားပါလိမ့်မယ်။

2. ငါတို့ရဲ့ သတင်းမီဒီယာကုမ္ပဏီနဲ့ အလုပ်တွဲလုပ်ချင်လား မင်း Page မှာ ငါတို့သတင်း Post လေးတွေတင်ပေးရုံနဲ့ ၁ ပတ် or ၁ လကို USD $2000 တို့ $3000 တို့ မင်းရမှာပါ စိတ်ဝင်စားရင် မင်းရဲ့ Email address လေးပေးပါ ငါတို့ဆက်သွယ်လိုက်ပါ့မယ်ဆိုပြီးတောင်းပါလိမ့်မယ်၊ ကိုယ်က မေးလ်ပေးလိုက်တာနဲ့ Facebook ရဲ့ Business Manager မေးလ်အနေနဲ့ မေးလ်တွေဝင်လာပါလိမ့်မယ်၊ ဘုမသိဘမသိနဲ့ Start or Join ဆိုတဲ့ခလုတ်လေးပါလာတာကိုနှိပ်မိလိုက်တာနဲ့ ကိုယ့် Page ကို သူတို့လက်ထဲထိုးထည့်ပေးပြီးသွားဖြစ်သွားစေပါတယ်။ တချို့ဆိုရင် ဝင်လာတဲ့မေးလ်ကိုစစ်ကြည့်ပြီး Facebook က ပို့တာပဲ စိတ်ချရပါတယ်ဆိုပြီး နှိပ်ကြည့်၊ ဝင်ကြည့်၊ ပြီး ကလိလိုက်မိတော့ Page Hack ခံလိုက်ရပါတော့တယ်။

3. ဟိုရက်တွေကဖြစ်သွားတဲ့ " အင်တာနက် 1000GB ကို Free ရမယ်" တို့ "Netflix ကို Premium Free ၂ လစာပေးထားတယ်" ဆိုတာမျိုးတွေနဲ့ နှိပ်မကြည့်ချင် ကြည့်ချင်အောင် SE ထိုးထားတဲ့ Website link မျိုးတွေကိုဝင်ကြည့်မိရင်လည်း ကိုယ့် Account နဲ့ Page ကိုပါ Hack လုပ်ခံရလိုက်နိုင်ပါတယ်။










အပေါ်မှာပြောထားတဲ့ အချက်တွေထဲက Facebook ရဲ့ Business Manager Link နဲ့ပဲဖြစ်ဖြစ်၊ အခြား Website Link နဲ့ပဲဖြစ်ဖြစ်၊ Email ထဲကနေပဲဖြစ်ဖြစ်၊ ဘယ်လိုလင့် ဘယ်လိုခလုတ်မျိုးတွေလာပေး လာပြပါစေ လုံးဝမှ နှိပ်မကြည့်၊ ဝင်မကြည့်၊ လိုက်လုပ်မကြည့်၊ ကြဖို့လိုပါတယ်၊ ဘာလို့လည်းဆိုတော့ အဲ့ဒီ Link တွေနောက်ကွယ်မှာက Permission အပြည့်တောင်းထားတာမျိုးတွေ၊ Access Token ခိုးယူမှုတွေရှိနေလို့ပါပဲ။

တခါတလေ ဖုန်းနံပါတ်ပေးပါ ဒါမှမဟုတ် ဒီနံပါတ်ကိုခေါ်ပေးပါဆိုပြီး ဖုန်းပြောပြီးတော့ပါ အယုံသွင်းပြီးလိမ်ညာတတ်ပါတယ်။ လောဘကြီးတဲ့သူတွေ၊ စူးစမ်းချင်တဲ့သူတွေ၊ အူတူတူအတတနဲ့ နလပိန်းတုံးတွေ၊ အနေနဲ့ကတော့ ခံကြရမှာ အသေအခြာပါပဲ။

ဒါကြောင့် ကိုယ့်ရဲ့ Personal Page ပဲဖြစ်ဖြစ်၊ Online Shop လုပ်နေတဲ့ Page ပဲဖြစ်ဖြစ်၊ ကုမ္ပဏီတွေ နဲ့ စီးပွားရေးလုပ်ငန်းလုပ်နေတဲ့ Page တွေပဲဖြစ်ဖြစ်၊ အသင်းအဖွဲ့နဲ့သက်ဆိုင်တဲ့ Page ပဲဖြစ်ဖြစ်၊ အပျော်တမ်းလုပ်ထားတဲ့ Page တွေပဲဖြစ်ဖြစ်၊ Hack လုပ်မခံချင်ကြဘူးဆိုရင် ဒီလို အကြောင်းအရာလေးတွေကိုသိရှိထားပြီး သတိထားပြီး ဆင်ခြင်နေထိုင်ကြဖို့လိုပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ ဒီလို Cyber Security နဲ့ပတ်သက်တဲ့ Knowledge လေးတွေရှိထားဖို့လိုသလို၊ မိမိတို့အသုံးပြုနေတဲ့ Account များကိုလည်း Security မြှင့်ထားပြီး အသုံးပြုကြဖို့လိုပါတယ်ဆိုတာ အသိပေးပြောကြားရင် ဒီ Post လေးကို ဒီမှာပဲ အဆုံးသတ်လိုက်ပါပြီ။

ချစ်ခြင်းအားဖြင့်...
Aung Kyaw Soe ( 6.5.2020 - 5:42 PM )
မူရင်းတင်ထားသည့်နေရာ - 

-     
  




-     
  
ဒီနေ့ Messenger ကနေ အသိတယောက်က အကိုရေ ဒီလိုမျိုး Link တွေလာပို့နေတယ်ဆိုပြီးပြောလို့ ကြည့်လိုက်မိတယ် သူဆီကိုပို့လာတာ Covid-19 ကာလမှာ အင်တာနက် 1000GB ကို Free ပေးထားတယ် Package ကို Activate လုပ်ဖို့ ဒီမှာဝင်လုပ်ပါဆိုပြီး Link တခုပေးထားတယ်။

အဲ့ဒီမှာ တခုသတိပြုမိသွားတာက အရင်တရက်က အသိတယောက်ဆီကနေ အခုလိုမျိုးပို့ပဲ ပို့လာတာတခုရှိတယ်ဆိုတာပြန်သတိရသွားတယ်၊ အဲ့ဒါကကျတော့ Netflix ကို Premium Free ၂ လစာပေးထားတယ်ဆိုပြီးဝင်လာတာ၊ သူတို့ပေးထားတဲ့ Link တွေက Short လုပ်ထားတဲ့ Link အတိုလေးတွေ။

ဘယ်သူက ဘာ Link လာပို့ပို့ ဝင်မကြည့်တတ်လို့ ဒီတိုင်းထားထားပေမယ့် ဒီနေ့တော့ လာပို့တာ ၂ ယောက်ရှိသွားပြီမို့လို့ Link ကို တိုက်ရိုက်မနှိပ်ပဲ Copy ယူပြီး ဘာ Facebook account မှ ဖွင့်မထား၊ ဝင်မထားတဲ့ Browser တခုထဲမှာ သွားထည့်ဖွင့်ကြည့်လိုက်တော့ Phishing ဖြစ်နေမှန်းသိလိုက်ရတယ်။

အူတူတူ အတတနဲ့ အလကားရတာပဲဟဆိုတဲ့သူတွေ၊ ဘာလည်းမသိဘူး ဝင်စပ်စုကြည့်ဦးမှပဲဆိုတဲ့သူတွေ၊ ဆိုရင်တော့ Link ကို နှိပ်ကြည့်( ဝင်ကြည့် ) လိုက်တာနဲ့ ခံလိုက်ရပြီသာမှတ်ပဲ၊ အရင်ဆုံး Access Token အခိုးခံရမယ်၊ Phishing မိမယ်၊ ကိုယ့်အကောင့်က Spammer အကောင့်ဖြစ်မယ်၊ Account Hack ခံရမယ်၊ Blackmail လုပ်ခံရမယ်၊ Personal Attack လုပ်ခံရမယ်၊ Link လေးတခုနှိပ်ကြည့်မိလိုက်တာနဲ့ အဲ့လိုတွေခံရနိုင်တယ်။

1. ပထမဆုံး Link ကိုနှိပ်လိုက်တာနဲ့ Facebook Account ရဲ့ Access Token( User Name and Password နဲ့အတူတူ ) ကို အရင်ဆုံးပေးလိုက်ရပါပြီ၊ အဲ့ဒါဆိုရင် ကိုယ့်အကောင့်ကို တဖက်ကထောင်ဖမ်းထားသူက လုပ်ချင်တာလုပ်လို့ရသွားပါပြီ ဘာလို့လည်းဆိုတော့ အဲ့ဒီ Short Link နောက်ကွယ်က Link ထဲမှာ ကိုယ့်အကောင့်ကို လုပ်ချင်တာလုပ်ခွင့်ပေးဖို့ Permissions တောင်းထားတာပါပြီးသားဖြစ်နေလို့ပါပဲ။

2. နောက်တခုက Link ကိုနှိပ်လိုက်တဲ့အချိန် ကိုယ့်အကောင့်ကြီး Logout ထွက်သွားလို့ Login ပြန်ဝင်ခိုင်းနေတာမျိုးမို့ ကိုယ့်ရဲ့ User Name နဲ့ Password ကိုထည့်ပြီး Login ဝင်လိုက်တာနဲ့ တဖက်ကို ကိုယ့်ရဲ့ User Name နဲ့ Password ကို ပေးပို့ပြီးသားဖြစ်သွားပါပြီ၊ တဖက်က Log file ကိုဖွင့်ကြည့်ပြီး ကိုယ့် အချက်အလက်တွေနဲ့ Login မဝင်မချင်းတော့ ကိုယ့်အကောင့် ပါဦးမှာမဟုတ်ဘူး၊ ဝင်ကြည့်ပြီး အကုန်ချိန်းယူသွားရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ‌ပေါ့။
ဒီနေရာမှာ ကိုယ့်အကောင့်က Two-factor လိုမျိုး Login Approved code ခံထားတယ်ဆိုရင်တော့ တဖက်က အလွယ်တကူဝင်လာလို့ရမှာမဟုတ်ပါဘူး၊ ဒါပေမယ့် Login Approved ကိုဖြုတ်တာက မြန်ရင် ၅ မိနစ်အတွင်းပြုတ်သလို၊ အလွန်ဆုံးကြာရင် 12 နာရီကနေ 24 နာရီအတွင်းမှာပဲ ပြုတ်အောင်ဖြုတ်လို့ရသွားတတ်ပါတယ်၊ Account Security ကို ဘာဆိုဘာမှမလုပ်ထားတဲ့သူတွေကတော့ ခံပေတော့ပဲ။

3. အဲ့ဒီ Link ကိုဝင်လိုက်မိတာနဲ့ ကိုယ့်အကောင့်နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတင်ရယူသွားတာမဟုတ်ပဲ ကိုယ့် Friend List ထဲက လူတွေရဲ့ Account info တွေကိုပါ ရယူဖို့လုပ်ထားတာကိုတွေ့ရပါတယ်၊ ကိုယ့်အကောင့် info ပါရုံတင်မက၊ ကိုယ့် Friend တွေရဲ့ info တွေပါ အူတူတူအတတနဲ့ပါအောင်လုပ်ဖို့ စီစဉ်ပေးထားပါသေးတယ်။
အကောင်းဆုံးကတော့ ဘယ်သူက ဘာ Link တွေလာပို့ပို့ ဖင်ယားပြီး ဖွင့်မကြည့်၊၊ ဝင်မကြည့်ကြဖို့လိုပါတယ်၊ အဲ့ဒါမှ ကိုယ့်အကောင့်ရော ကိုယ့်သူငယ်ချင်းတွေရဲ့အကောင့်တွေကို Safe ဖြစ်စေမှာပါ။

ဒါက အင်တာနက် 1000GB အလကားရမယ်ဆိုပြီး ပို့လာတဲ့ Message.

________________________
To counter the Corona virus 🦠 we offer you *1000GB* of free internet Connection to stay at home safely and enjoy the internet Activate the internet package 🌐 👇🏼 *Get it now HERE* 👇🏼
https://shorturl .at/ksFMN
________________________
သူပေးထားတဲ့ ဒီ Link https://shorturl .at/ksFMN ကို ယူပြီးဖွင့်ကြည့်လိုက်တော့ အောက်ကခေါင်းစဉ်နဲ့ Facebook login ကိုတွေ့တယ်၊ Messenger ထဲကနေတာ တန်းနှိပ်လိုက်ရင် နားကားပြီပဲ။
Log in to your Facebook account to connect to Gbs Internet
ဒါက ပါမစ်တောင်းထားတဲ့ Link -
https://mobile.facebook.com/login.php…
ဒါက နောက်ဆုံးအဆင့်မှာတွေ့ရမယ့်နေရာ၊ အူတူတူအတတနဲ့ လိုက်လုပ်ခဲ့ရင် ကိုယ့် Friend list ထဲက အကောင့်တွေပါ ဒုက္ခရောက်သွားစေအောင်စီစဉ်ပေးထားတဲ့နေရာ -
https://100gb .xyz/
______________________________

ဒါကနောက်တခု Netflix Premium ကို 2 လ Free ရမယ်ဆိုတဲ့ဟာ။ 

__________________
*2 Months of Netflix Premium Free at no cost For REASON OF QUARANTINE (CORONA VIRUS)*
Get 2 Months of Netflix Premium Free anywhere in the world for 60 days.
👇🏼 *Get it now HERE* 👇🏼
https://bit. ly/3caSifQ
__________________
Log in to your Facebook account to connect to Netflix
https://mobile.facebook.com/login.php…
https://flixy .xyz/
__________________
နောက်ဆုံးအနေနဲ့ပြောချင်တာက အပေါ်ကလို Messenger ကနေလာပို့ရင် လောဘဇောတက်ပြီး လျှောက်ဝင်မကြည့်၊ နှိပ်မကြည့်ကြပါနဲ့၊ အခုလို မက်လုံးပေးပြီ ထောင်ဖမ်းထားတာမျိုးမှမဟုတ်ဘူး ဘယ်သူ့အကောင့်တွေကနေ၊ ဘာ Link လာပို့ပို့ ဝင်မကြည့်ကြပါနဲ့ ဘယ်လောက်ပဲရင်းနှီးတဲ့သူ၊ ယုံကြည်ရပါတယ်ဆိုတဲ့သူက လာပို့တာပဲဖြစ်ဖြစ် လာပို့တဲ့ Link တွေကို နှိပ်မကြည့်ကြပါနဲ့၊ ဖင်ယားပြီး နှိပ်ကြည့်မိရင်တော့ ကိုယ်ဖြစ်တာကိုယ့်ဘာသာခံကြပါ၊ တခုခုဆက်ဖြစ်လာတော့မှ အဖေကယ်ပါ၊ အမေကယ်ပါတွေ မလုပ်ကြပါနဲ့။
Covid-19 ကာလမှာ သတိထားပြီး ရှောင်ရှားနိုင်ကြပါစေ။

[[ Edit လုပ်ပြီးထပ်ဖြည့် ]]

လာပို့တဲ့ Link ကိုဝင်ကြည့်မိထားတယ် ဘယ်လိုလုပ်ရမလဲဆိုတဲ့သူတွေအတွက်...

1. Password ချိန်း။

2. Settings => Security and Login => Where your login မှာ See All ကိုနှိပ်ပြီးစစ်၊ ပြီးရင် Logout All Device လုပ်။

3. Apps and Website ထဲဝင်ပြီး Login with Facebook နောက်နားက Edit လေးကိုနှိပ် အထဲကိုဝင်ပြီး log ကို Delete လုပ်။

အဲ့ဒါဆို ရပါပြီ။

ချစ်ခြင်းအားဖြင့်
Aung Kyaw Soe( 14.4.2020 - 5:21 PM )

#Covid19 #Coronavirus #Security #CyberSecurity #Phishing #Scam #ScamMessage #ScamLink

မူရင်းပို့စ် - 
-     
  

Contact Me

Contact With Me

Website, Security, Facebook Boost, All Online Services and Training များကို စျေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနေပါသည်။

  • Pyay Road, Hlaing Twonship, Yangon, Myanmar.
  • 09421157911
  • mr.aungkyawsoe.hgc@gmail.com
  • www.osc-myanmar.com