ကိုယ့် Account Password ကို မကြာခဏချိန်းဖို့ လိုလား...? - Online Service Center Myanmar

Monday, March 4, 2019

ကိုယ့် Account Password ကို မကြာခဏချိန်းဖို့ လိုလား...?


ဟိုးယခင်တုန်းကရော၊ အခုအချိန်ထိရော၊ တစ်ချို့ တွေမှာ Account Password တွေနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့အယူအဆလေးတစ်ခုရှိတာကိုတွေ့ ရတယ်။ အဲ့ဒါကဘာလည်းဆိုတော့ ကိုယ့် အကောင့်ရဲ့ Password တွေကိုခနတိုင်းချိန်းပြီးသုံးဖို့ အကြံပေးထားကြတာတွေနဲ့ မကြာခဏချိန်းသုံးတတ်ကြတာတွေပါပဲ။ အဲ့လိုချိန်းပြီးသုံးနေရင်မကောင်းဘူးလား ကောင်းလားလို့ မေးလာခဲ့ရင်၊ ကောင်းလည်းကောင်းတယ်၊ မကောင်းလည်းမကောင်းဘူးလို့ ပြောရမှာပါ။

ဘာလို့ လည်းဆိုရင်...
ကောင်းတာက ခနတိုင်းချိန်းသုံးနေတဲ့အတွက် ကိုယ့်အကောင့် Password ကိုအခြားသူကသိနေခဲ့ရင် or Phishing တစ်ခုခုမှာဝင်မိထားခဲ့ရင် Password ချိန်းလိုက်တဲ့အတွက် သူတို့ သိထားတဲ့ Old Password နဲ့ ကိုယ့်အကောင့်ကိုဝင်ကြည့်လို့ မရနိုင်တော့တာကြောင့်ပါ။ နောက်တစ်ခုက အမြဲတမ်းမကြာခဏချိန်းနေတဲ့အတွက် ကိုယ့် Password ကိုအလွယ်တကူမှတ်မိနေစေနိုင်လို့ ပါ။
မကောင်းတာက Password တွေခဏတိုင်းချိန်းသုံးနေတဲ့အတွက် မှတ်ရတာတွေများပြီး၊ ဘယ် Password မှန်းမသိတော့ပဲရောထွေးပြီး၊ ကိုယ့်အကောင့်ကို အမှတ်မထင် Logout လုပ်မိပြီးပြန်ဝင်ချိန်မှာ ပြန်ဝင်လို့ မရတော့တာတွေဖြစ်စေနိုင်လို့ ပါပဲ။

ဒီနေ့ Post တစ်ခုအောက်မှာ Password ချိန်းသုံးပါဆိုပြီးပြောထားတာတွေတွေ့ တော့ အောက်အတိုင်းလေး Reply Comment ပေးဖြစ်ခဲ့ပါတယ်။ အဲ့ဒါလေးကို Knowledge Sharing အနေနဲ့ Post အနေနဲ့ ပြန်တင်ပေးလိုက်တာပါ။
_________________________

Comment Reply -

Password ခနခန ချိန်းတာနဲ့ မဆိုင်ဘူးဗျ။ Password ကို Secure ဖြစ်အောင် Strong ဖြစ်စေမယ့် Password ကိုပေးထားပြီး တစ်သက်လုံးမချိန်းပဲသုံးလို့ ရပါတယ်။
အဓိက ကတော့ ကိုယ့်အကောင့်ကိုယ် Security မြှင့်ထားပြီး Security Knowledge လေးတွေရှိထားဖို့ ပဲလိုတာပါ။

Security Knowledge ဆိုတာက... တွေ့ ကရာ Website တွေလျှောက်မ၀င်တတ်တာ၊ တွေ့ ကရာ App တွေ Game တွေကို လျှောက်ဝင်မသုံးတာမျိုးတွေနဲ့  ဘယ်လိုမျိုးတွေလုပ်ရင် ကိုယ့်အကောင့်ခိုးယူခံရနိုင်တယ်၊ အဲ့ဒါမျိုးတွေကို ဆောင်ရမယ်၊ ရှောင်ရမယ်ဆိုတာမျိုးတွေကို သိထားဖို့ လိုတာကိုပြောတာပါ။

Password ခနတိုင်း ချိန်းခြင်း၊ မချိန်းခြင်းနဲ့ ကတော့ အကောင့် Security ပိုင်းနဲ့ တိုက်ရိုက်တော့မသက်ဆိုင်ပါဘူး။

Password တော့ခနတိုင်းချိန်းတယ်၊ ဒါပေမယ့် အရမ်းလွယ်လွန်းနေတဲ့ ကိုယ့်နာမည်၊ ကိုယ့်မွေးနေ့ ၊ ကိုယ့်ဖုန်းနံပါတ်၊ ချစ်သူခင်သူရဲ့ နာမည်၊ အိမ်မွေးတိရိစ္ဆာန်နာမည်၊ အစဉ်လိုက် အက္ခရာ( နမူနာ - ABCDEFG )၊ အစဉ်လိုက်ဂဏန်း ( ဥပမာ - 123456 )၊ လိုဟာမျိုးတွေပေးရင် ကိုယ့်အကောင့်ကို Test လုပ်တဲ့သူနဲ့ တွေ့ ရင် ကိုယ့်အကောင့်က အလွယ်တကူပါသွားနိုင်ပါတယ်။

Login ၀င်ရာမှာသုံးတဲ့ Email or Phone Number မသိပဲနဲ့  Password တစ်ခုပဲသိရုံနဲ့ အကောင့်ထဲဝင်လို့ ရလို့ လားဆိုရင်? Facebook account တစ်ခုကို Login ၀င်ဖို့ အတွက် User name နေရာမှာ တကယ့် Email or Phone Number အစား သုံးလို့ ရတဲ့ User name တွေက ၂ မျိုး ၃မျိုးထိရှိပါတယ်။
ဒါကြောင့် အဓိက လိုအပ်တာက Password ကိုအလွယ်မပေးဖို့ Security မြှင့်ထားဖို့ Security Knowledge လေးတွေရှိထားဖို့ ၊ ဆိုတဲ့ ( ၃ ) ချက်ပဲ အဓိကလိုအပ်ပါတယ်ဗျ။

_________________________

ဒီလောက်ဆို Password ခနတိုင်းချိန်းသုံးတာမျိုးလုပ်ဖို့  လိုတယ်၊ မလိုဘူးဆိုတာကို သဘောပေါက်သွားကြမယ်ထင်ပါတယ်။

Aung Kyaw Soe ( 8:21 PM - 4.3.2019 )


မူရင်းပို့ စ် - 


Share This

No comments:

Post a Comment

Contact Us

Contact Form

Name

Email *

Message *