Ransomware နဲ့ပတ်သက်ပြီးသိထားသင့်တာလေးတွေ

Ransomware နဲ့ပတ်သက်ပြီးသိထားသင့်တာလေးတွေ



Ransomware က ကိုယ့်ကွန်ပြူတာထဲကိုဝင်လာဖို့လွယ်ကူတယ်။ အခုနောက်ပိုင်း လူနေမှုဘဝမှာ Online အသုံးပြုမှုဟာ တစိတ်တဒေသအနေနဲ့ပါဝင်နေပြီး၊ အသုံးပြုနေတဲ့ Device တွေက နေ့စဉ်နဲ့အမျှ Internet access ဖြစ်နေပြီး၊ File အမျိုးအစားပေါင်းများစွာကို မကြာခနဆိုသလို Download လုပ်ဖြစ်ကြတာများပါတယ်။

Ransomware ဆိုတာက ဘယ်ကနေဝင်လာတာလဲ၊ ဘယ်လိုတွေဆိုဝင်နိုင်လဲဆိုရင် Photo, Video, PDF, Word, Software တွေကို Download ပြုလုပ်လိုက်ရင်ဝင်လာနိုင်သလို၊ Email ထဲကိုဝင်လာတဲ့ Fake email တွေကိုဖွင့်ကြည့်မိတဲ့အခါမှာဆိုရင်လည်း အဲ့ဒီ Email တွေထဲကနေလည်းဝင်ရောက်လာနိုင်ပါတယ်။ နောက်ဆုံး Website Link တစ်ခုကိုနှိပ်မိပြီး၊ ဝင်ရောက်ကြည့်မိလိုက်တာနဲ့တင်တောင် Ransomware ထည့်သွင်းထားတဲ့ဖိုင်ကိုအမှတ်တမဲ့ ကိုယ်မသိလိုက်ပဲ အလိုလျောက် Download ဆွဲ၊ Install လုပ်ပြီး ကိုယ့်ကွန်ပြူတာထဲမှာနေရာယူသွားအောင်လုပ်ဆောင်တာမျိုးတွေနဲ့လည်းကြုံတွေ ့နိုင်ပါတယ်။ 

ဒါဆို Ransomware မဝင်လာအောင် ဘာတွေဆောင်ပြီး၊ ဘာတွေဆောင်ရမလည်းဆိုရင် ပထမဆုံး Security Knowledge ရှိနေရပါမယ်၊ File တွေ Download ပြုလုပ်လိုက်တဲ့အခါမှာပါလာနိုင်တာကိုသိထားရင်၊ ကိုယ် Download ပြုလုပ်လိုက်တဲ့ File တွေကို ခုဒေါင်း ခုဖွင့်ကြည့်မလုပ်ပဲ Scan အရင်ပြုလုပ်သင့်ပါတယ်။ ကျွန်တော်ဆိုရင် VirusTotal.com Website လေးကို အသုံးပြုဖြစ်တာများပါတယ်။ အဲ့ဒီမှာ ကိုယ် Download ပြုလုပ်ထားတဲ့ File ကို အသုံးမပြုခင် Upload ပြန်တင်ပြီး Scan ဖတ်ခိုင်းလိုက်ပါတယ်၊ အကောင်ပလောင်တွေအများကြီးပါနေရင် အသုံးမပြုတော့ပဲ ဖျက်ပစ်လိုက်ပါတယ်။

လူသုံးများပြီး နာမည်ကြီး Software တွေကို ဝယ်မသုံးချင်လို့ or သူများတင်ပေးထားတဲ့ Crack ထားတာတို့ Free Download ပေးထားတာတို့ဆိုရင် တော်တော်များများက ဝမ်းသာအားရနဲ ့ဒေါင်းပြီးအသုံးပြုကြတာများပါတယ်။ Free ရတယ်ဆိုပြီး အရမ်းဝမ်းသာမနေပါနဲ့ အဲ့ဒီလို Crack ထားတယ်၊ Free ပေးထားတယ်ဆိုတဲ့ Software တွေ File တွေထဲမှာ Virus တွေထည့်ထားတတ်တာများပါတယ်။ နာမည်ကြီးပြီး လူသုံးများလေလေ ဂျင်းတွေများလေလေပါပဲ။

နောက်ပြီး ကိုယ့်စက်ထဲမှာ Antivirus တစ်ခုခုကိုထည့်သွင်းထားပြီး၊ အမြဲတမ်း Update လုပ်နေဖို့လိုပါတယ်။ Virus တွေက နေ့စဉ်နဲ့အမျှ အသစ်တွေထွက်နေတတ်လို့ကိုယ့်စက်ထဲမှာ ဘယ်လောက်နာမည်ကြီးတယ်၊ ဘယ်လောက်တောင်ပေးဝယ်ပြီးသုံးထားတယ်ဆိုတဲ့ Antivirus Software ပဲထည့်ထားထည့်ထား Update မလုပ်ပဲသုံးနေရင် အသစ်ထွက်တဲ့ Virus ကို မသိတော့ပဲ ကိုယ့်စက်ထဲကို Virus ဝင်လာတာကိုခွင့်ပြုပေးထားလိုက်သလိုဖြစ်သွားပါမယ်။

နောက်ဆုံး အတိုချုံးပြီးပြောရမယ်ဆိုရင် Virus မဝင်စေချင်ရင် တွေ့ကရာ File တွေကိုလျှောက် Download လုပ်ပြီး ရမ်းမသုံးပါနဲ့Virus ပါ မပါစစ်ဆေးပြီးမှအသုံးပြုပါ။ ကိုယ့်စက်ထဲက Antivirus Software ကို Update အမြဲလုပ်ပါ။


အောက်မှာ mmCERT ( Myanmar Computer Emergency Response Team  ) ကတင် ပေးထားတဲ့ Post လေးနဲ့Photo လေးတွေကို ( ၁ ) ပုံချင်းဝင်ကြည့်ပြီးဖတ်ကြည့်ပါ။
--------------------------

မူရင်းပို့ စ် -