You don't like Facebook News Feed Video Auto play.?

You don't like Facebook News Feed Video Auto play.?




Facebook News Feed လေးပွတ်နေရင်းရဲ့Video တွေ Auto Play နေပြီး Phone Bill တွေ အရမ်းကုန်တာပဲတို့၊ Video ထဲမှာ မတော်တရော်အသံတွေထည့်ထားလို ့လူကြားသူကြားထဲမှာ အရှက်တကွဲတွေဖြစ်တာတို့၊ နောက်ဆုံး Background Music အသံကြီးက ဝုန်းဒိုင်းတွေကြဲကုန်လို့ ကိုယ်တိုင်လည်းလန့်ဖျန့်တာမျိုးတွေ၊ ကိုယ့်ဘေးနားမှာရှိတဲ့ ပတ်ဝန်းကျင်ကလူတွေကို အားနာမိရတာမျိုးတွေဖြစ်နေခဲ့ရင် ဒီလိုလေး လုပ်ထားလိုက်ပါ။

1. အရင္ဆုံး Facebook Account Settings ထဲကိုသြားပါ။
2. Media and Contacts ဆိုတာလေးကိုရှာပြီးဝင်လိုက်ပါ။
3. အထဲကိုရောက်ပြီဆိုရင် Autoplay ဆိုတာလေးကိုနှိပ်လိုက်ပါ။
4. Never Autoplay Videos ဆိုတာလေးကိုရွေးချယ်ပေးလိုက်ပါ။

နံပါတ် ( 4 ) နေရာမှာ အောက်ပါအတိုင်း ( ၃ ) မျိုးတွေ့ပါလိမ့်မယ်။

1. On Mobile Data and Wi-Fi Connections.
ဖုန်းက အင်တာနက်လိုင်းနဲ့ပဲဖြစ်ဖြစ်၊ WiFi နဲ့ချိတ်သုံးရင်ပဲဖြစ်ဖြစ် အလိုလျောက်ပွင့်နေစေမယ်။

2. On Wi-Fi Connections Only.
WiFi နဲ့သုံးပြီဆိုတော့မှသာ ပွင့်စေမယ်။

3. Never Autoplay Videos.
လုံးဝမှကို မပွင့်အောင်ထားမယ်။

ဆိုပြီးတွေ့ပါလိမ့်မယ်။ Never Autoplay Videos. ဆိုတာကိုသာရွေးပေးထားလိုက်ပါ။ အပေါ်ဆုံး အပိုဒ်ထဲမှာပြောထားတဲ့ ကြုံတွေ ့ရတဲ့သောကတွေကနေ ကင်းဝေးသွားစေပါလိမ့်မယ်။

အခုလို ဗဟုသုတရစရာ Video လေးတွေကို YouTube မှာ အမြဲလိုလိုတင်သွားပေးဖို့ရှိပါတယ်။ ဒါကြောင့် Youtube Channel လေးဖြစ်တဲ့ => youtube.com/aungkyawsoe56 ကိုဝင်ရောက်ပြီး Subscribed လေးကို နှိပ်ထားပေးလိုက်ရင် အသစ်တင်တိုင်း Email ထဲအထိ အသိပေး၊ အကြောင်းပေးသွားမှာပါ။