Page သူခိုးများကို အားမပေးပါနဲ့ or Page များကို မ၀ယ်ယူကြပါနဲ့  - Online Service Center Myanmar

Monday, March 12, 2018

Page သူခိုးများကို အားမပေးပါနဲ့ or Page များကို မ၀ယ်ယူကြပါနဲ့ 


ဒီအကြောင်းအရာလေးကို ရေးဖို့ စဉ်းစားထားတာကြာပါပြီ။ ရေးမယ် ရေးမယ်နဲ့  အကြောင်းကြောင်း ကြောင့် မရေးဖြစ်ခဲ့တာပါ။ အခုတော့ အချိန်လေး ခနရတုန်း ရေးပေးလိုက်ပါတယ်။ သေခြာလေးဖတ်ရှုပြီး ဆောင်ပေး၊ ရှောင်ပေးကြစေလိုပါတယ်။

Facebook Page အရောင်းအ၀ယ်တွေကတော့ Online Shopping လုပ်နေသူတွေ၊ Instant Articles နဲ့ ပိုက်ဆံရှာနေသူတွေ၊ Page တွေကို လိုက်ခိုးပြီး ရောင်းစားနေတဲ့ ခွေးသူခိုးအောက်တန်းစားတွေ နဲ့ စီးပွားရေးလုပ်ငန်းရှင်အချို့ ရဲ့ ကြားမှာ ပတ်လည်သွားနေတာများပါတယ်။

ခွေးသူခိုး အောက်တန်းစား Page သူခိုးတွေက နည်းပညာနဲ့ ပတ်သက်ပြီး မသိနားမလည်သူရော သိနားလည်သူတွေကြားမှာပါ မလိမ့်တပတ်နဲ့ နည်းလမ်းပေါင်းစုံအသုံးပြုပြီး Page တွေကို ခိုးယူပါတယ်။ သူတို့ ခိုးယူပြီးသွားတာနဲ့  Page အရောင်းအ၀ယ် ဈေးကွက် ( Account, Group, Page ) တွေမှာ လိုက်တင်ပြီး Page Like ဘယ်လောက်ရှိပါတယ်။ ဘယ်လောက်ရရင်တော့ ရောင်းပါမယ်ဆိုပြီးလုပ်ကြပါတယ်။ ဒီနေရာမှာ ဖြတ်လမ်းကနေ ငွေသုံးပြီး Like များတဲ့ Page ကို လိုက်ဝယ်( သူခိုးအားပေး )သူတွေကြောင့် Page အရောင်းအ၀ယ်ဈေးကွက်က ပိုမိုပြီး တွင်ကျယ်လာပါတယ်။

အဲ့ဒီလို Page တွေရောင်းရင် Like များရင်များသလို ပိုက်ဆံရမှန်းသိသွားတဲ့သူတွေက Page တွေကို ကိုယ်တိုင်ဖွင့်ပြီး နည်းလမ်းပေါင်းစုံသုံးပြီး Like များအောင်ကြိုးစားကြသလို အခြားသူတွေ အချိန်ကုန်ခံ၊ ငွေကုန်ခံ၊ လူအပင်ပမ်းခံပြီးလုပ်ထားတဲ့ Page တွေကို နည်းလမ်းပေါင်းစုံနဲ့ လိုက်ပြီးခိုးကြပါတော့တယ်။
ဥပမာ ကိုယ်တိုင် Page ဖွင့်ပြီး Like များအောင်လုပ်တဲ့သူတွေကျတော့ Sex Page တွေထောင်တာမျိုး၊ နိုင်ငံရေး Page တွေ၊ သတင်းမီဒီယာ Page တွေ၊ Cele Page တွေ၊ နောက်ဆုံး Personal Attack ပြုလုပ်တဲ့ Page တွေ နဲ့ Unofficial Brand Page တွေပြုလုပ်ပြီး Like သူတောင်းစားလုပ်ပြီး Like များအောင်ကြိုးစားကြပါတယ်။ ( ဘာ Promotion ညာ Promotion ဆိုပြီး ဂျင်းထည့်တဲ့ Page တွေ အများကြီး ကြုံဖူးတွေ့ ဖူး ဂျင်းထည့်ခံဖူးကြမှာပါ။ :D )

နောက်တစ်မျိုးက ကျတော့ သူများ ငွေကုန်ခံ၊ အချိန်ကုန်ခံ၊ လူအပင်ပမ်းခံပြီးကြိုးစားထားတဲ့ Like များတဲ့ Page တွေကိုလိုက်ခိုးကြပါတယ်။ ခင်လို့ မင်လို့ ယုံကြည်လို့  Admin or Account ကို ပေးမိရာက Like များလာတဲ့အချိန် တစ်ဖက်လှည့်နဲ့  ပိုင်ရှင်ကို Admin Role ကနေ ကစ်ထုတ်ပြီး Page ကို အပိုင်သိမ်းသွားတာမျိုးတွေ၊ Like များတဲ့ Page တွေကို Admin သိရင် Admin Account ကို နည်းလမ်းပေါင်းစုံနဲ့ မရမကလိုက်ခိုးပါတယ်။ မရမက ခိုးတာတောင်မှ မရဘူးဆိုတော့မှ လက်လျော့သွားတတ်ပါတယ်။ ဒါကြောင့် ကိုယ်က Security ပိုင်း သိပ်ပြီးအလေးမထားတတ်သူဆိုရင် Page Admin ဆိုတာ မသိအောင်နေသင့်ပါတယ်။ တစ်ချို့ Page Admin မှန်းမသိအောင် ကွယ်ဝှက်ထားတာမျိုးတွေကြတော့ Page Message box ကနေ ဘယ်လောက်ပေးမယ် ရောင်းမလား ဆိုပြီး မက်လုံးပေးပြီး စကားလိုက်ပြောကြပါတယ်။ အဲ့ဒီမှာ ငွေအမောက်များတာကိုကြည့်ပြီး ရောင်းမယ်ဆိုပြီး Admin Account ကို ပြလိုက်မိရင် သို့ မဟုတ် ဖုန်းနံပါတ်တွေ ဘာတွေ ပေးလိုက်မိပြီဆိုရင် ( အဲ့ဒီပေးလိုက်မိတဲ့ ဖုန်းနံပါတ်နဲ့  Admin Account ကို ဖွင့်ထားတယ်ဆိုရင် ) သေခြာပြီ Page အရောင်းအ၀ယ် မဖြစ်တော့ပဲ Account အခိုးခံရပြီး Page ပါအခိုးခံရဖို့  99.99% ဖြစ်သွားပါပြီ။ ဒါကြောင့် Page ရောင်းမလာ လာမေးရင် ရောင်းမယ်မလုပ်မိပါစေနဲ့ လို့ မှာချင်ပါတယ်။

Like Page ၀ယ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ IA သများတွေ၊ OS သမားတွေ၊ ကိုလည်း ဒီ Post လေးနဲ့ ပဲ တစ်ခါထဲ သတိပေးရင်းမှာချင်ပါတယ်။ အဲ့ဒါက ဘာလည်းဆိုတော့ ခွေးသူခိုးအောက်တန်းစား Page သူခိုးတွေကို အားမပေးကြပါနဲ့  အဆိပ်ပင်ရေလောင်းမလုပ်ကြပါနဲ့ ဆိုတာပါပဲ။ နောက်ပြီးတော့ ကိုယ်က အလွယ်လိုက်ပြီး ဖြတ်လမ်းကနေ Like များတဲ့ Page ကိုဝယ်ယူလိုက်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း သိထားဖို့ လိုပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ Page တွေမှာ Page ID Number ဆိုတာရှိပါတယ်။ အဲ့ဒီ နံပါတ်က Page Name, Page Link Address, Page မှာ ရှိသမျှ info တွေ Data တွေ ကြိုက်သလောက်ဖျက်၊ ကြိုက်သလောက်ချိန်း ဒီ Page က အရင်တုန်းက ဘာ Page လည်းဆိုတာ တန်းပြီးသိရပါတယ်။ အဲ့ဒီ Page ID ကို Share ထားသူ သိမ်းထားသူ သို့ မဟုတ် Page Message မှာ စကားပြောထားသူဆီမှာ အဲ့ဒီ Page နဲ့ ပတ်သက်တဲ့ သက်သေတွေ ကျန်နေလို့ ပါပဲ။

ဥပမာပြောရရင် ယခင် Page ကို မရောင်းခင်က အဲ့ဒီ Page က Sex Page သို့ မဟုတ် နိုင်ငံရေးအရှုပ်အရှင်းတွေတင်တဲ့ Page တစ်ခုလို့ သဘောထားလိုက် အဲ့ဒီ Page ကို Message ကနေ ကျွန်တော်က သွားစကားပြောထားတယ်ဆိုပါတော့။ Page ကို ရောင်းခါနီးမှာ Page ထဲက Post, Photo, Video, Chat Message, တွေ အကုန်ဖျက်ပြီး Page ကို ရောင်းပစ်လိုက်တယ်။ အဲ့ဒီမှာ နောက်ပိုင်း ၀ယ်တဲ့သူက ကုမ္ပဏီတစ်ခု နာမည်ပြောင်းပြီး သို့ မဟုတ် လူရိုသေ ရှင်ရိုသေ Page တစ်ခုအဖြစ်ရပ်တည်နေချိန် ကျွန်တော်က အမှတ်အမထင် အဲ့ဒီ Page Message ကနေ စကားပြောဖို့ ဖွင့်လိုက်ရင် ဘာတွေ ထွက်လာမယ်ထင်လဲ...? အရင် Sex Page, နိုင်ငံရေး Page တုန်းက ပြောထားသမျှ Chat list တွေအကုန်ပြန်ထွက်လာရင် ဘယ်လို လုပ်မလဲ...? ကျွန်တော်သာ အဲ့ဒီ Page ကို နစ်နာအောင် လုပ်ချင်ရင်၊ အရှက်ခွဲချင်ရင် အေးဆေးပဲနော်.... ဒါကနမူနာပြောပြတာပါ သတိထားမိအောင်လို့ ။

နမူနာအနေနဲ့  Page တစ်ခုထည့်ပေးထားပါတယ်။ အဲ့ဒီ Page က ကျွန်တော့် အကောင့်ထဲက ညီမလေး တစ်ယောက်ပိုင်တဲ့ Page ပါ။ သူ့ အကောင့်ကို ခိုးယူပြီး Admin ကနေ သူ့ အကောင့်ကိုကစ်ထုတ်ပြီး Account ကို ပြန်ပေးခဲ့ပေမယ့် Like ၃ သိန်း ၇ သောင်းလောက်ရှိတဲ့ Page ကိုတော့ ခိုးယူသွားပါတယ်။

 အဲ့ဒီ Page မှာ ယခင်က Data များ info များ ဘာမှ မရှိတော့အောင် ဖျက်ထားလိုက်ကြပါပြီ။ သို့ သော် အဲ့ဒီ Page Message မှာ စကားပြောဆိုဖူးတဲ့ သင်တန်းသူ/သင်တန်းသားတွေဆိုရင် အဲ့ဒီ Page Message ကို ဖွင့်လိုက်တာနဲ့  ယခင်ကပြောထားသမျှတွေကို အကုန်ပြန်မြင်နေရပါလိမ့်မယ်။ ( သူတို့ ဘက်ကဖျက်လိုက်ပေမယ့် ကိုယ့်ဘက်မှာက နဂိုအတိုင်းကျန်နေပါတယ်။ )

Page Name က => ကျွန်မချစ်သော စက်ချုပ်ပညာ
Page ID Number => 1802570843349296
ယခု Page Link => https://www.facebook.com/myloveangle.mm
ယခင် Page Link => https://www.facebook.com/ကျွန်မချစ်သော-စက်ချုပ်ပညာ-18025708…

အဲ့ဒီ Page ဆိုရင် ယခင် ပိုင်ရှင်တင်ထားတဲ့ Sharing လုပ်ထားတဲ့ စက်ချုပ်နည်းပညာရပ် Post တွေ တစ်ခုမှ မရှိတော့ပဲ အရည်မရ အဖတ်မရ Post တွေပဲ တင်နေတာတွေ့ ကြရမှာပါ။ Page ကို ခိုးယူပြီး Page Name ကို ချိန်းမရသေးလို့ လက်ရှိ Name နဲ့ ပဲ ပေါက်ကရတွေ တင်နေပုံရပါတယ်။

မူရင်း Page ပိုင်ရှင်ရဲ့  အချိန်တွေအကုန်ခံ၊ လူအပင်ပမ်းခံ၊ ပိုက်ဆံအကုန်ခံပြီး ကြိုးစားထားသမျှတွေကို တခဏလေးအတွင်းမှာ ဘာမှ မကျန်အောင် Delete လုပ်ခဲ့တဲ့ အောက်တန်းစား ခွေးသူခိုး Page သူခိုးတွေကိုတော့ အတော်လေးကို ရွံရှာမိတာ အမှန်ပါပဲ။ သူမှမဟုတ်ပါဘူး။ Page အခိုးခံရတဲ့ Page ပိုင်ရှင်တိုင်းလိုလို အခုလို တင်ထားသမျှ Post တွေကို Delete အလုပ်ခံကြရတာချည်းပါပဲ။

အောက်တန်းစားခွေးသူခိုးတွေအတွက်ကတော့ ဒါတွေက လုပ်ရိုးလုပ်စဉ်မို့ ထမင်းစားရေသောက်လောက်ပဲ သဘောထားကြတယ်ထင်ပါတယ်။

ဒါကြောင့်....
Page အရောင်းအ၀ယ်ဈေးကွက်ကို ဖျက်ပစ်ဖို့ လိုပါမယ်။ ဘယ်လိုဖျက်ရမလည်းဆိုရင် လွယ်ပါတယ်။ Page တွေကို မ၀ယ်ကြပါနဲ့  ကိုယ်ဝယ်လိုက်တဲ့ Page တွေမှာ အရှုပ်အရှင်းတွေ ပါလာနိုင်သလို Page သူခိုးတွေကိုလည်း အားပေး အားမြှောက်ပြုရာရောက်ပါတယ်။ နောက်ပြီးတော့ သူခိုးတွေဆီက၀ယ်ထားတဲ့ Page ကို သူခိုးတွေကိုယ်တိုင်က ပြန်လာခိုးနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ Page Admin Account ကို သိသွားတာကြောင့်မို့ ပါ။

ကဲ.... နောက်ဆုံးအနေနဲ့  ထပ်ပြောပါမယ်။ #အောက်တန်းစားခွေးသူခိုး or Page တွေကိုလိုက်ခိုးပြီး ရောင်းစားနေတဲ့ သူခိုးတွေကို သူခိုးအားပေး မလုပ်ကြပါနဲ့ တော့ဆိုတာပါပဲ။

Aung Kyaw Soe ( 12.3.2018 - 7:20 PM )
Share This

No comments:

Post a Comment

Contact Us

Contact Form

Name

Email *

Message *