Fake Page or Scam Page ​တွေကို Report လုပ်​နည်း - Online Service Center

Saturday, March 24, 2018

Fake Page or Scam Page ​တွေကို Report လုပ်​နည်း


Page Like များ​အောင်​ ဂျင်းထည့်​​နေသည့်​ Fake Page ​တွေများစွာရှိ​နေပါတယ်​။ အဲ့ဒီ Page ​တွေဟာ Like များ​စေရန်​ ခါ​တော်​မီဖွင့်​ပြီး Like သူ​တောင်းစားလုပ်​​လေ့ရှိကြပါတယ်​။
တကယ့်​ Real Page ​တွေကို လိုက်​တုပပြီး လုပ်​ထား​လေ့ရှိကြတာ​ကြောင့်​ ခပ်​ပိန်းပိန်း လူ​တွေ နဲ့ ငပိန်းစစ်​စစ်​​တွေက အမြဲတမ်း ဂျင်းထည့်​ခံရ​လေ့ရှိပါတယ်​။

ဘာ​ကြောင့်​ ဂျင်းထည့်​ခံရလည်းဆိုရင်​ ( ၂ ) ချက်​ရှိပါတယ်​။

၁။ မစူးစမ်း မ​လေ့လာတဲ့အတွက်​။
ဘာ​လေးရမယ်​။ ညာ​လေးရမယ်​။ ဆိုတာနဲ့ မစူးစမ်း၊ မ​လေ့လာ​တော့ပဲ Like, Comment, Share, လုပ်​လိုက်​ကြတာ​တွေ​ကြောင့်​ပါ။ ဂျင်းထည့်​​နေတဲ့ Fake Page ဟုတ်​လား မဟုတ်​လား ဆိုတာကို ​သေခြာ မစစ်​​ဆေးတဲ့အတွက်​ အဲ့ဒီလို ငပိန်း​တွေက အမြဲဂျင်းမိတာ ထိပ်​ဆုံးကပါပဲ။

၂။ ဦး​ဏှောက်​မရှိတဲ့အတွက်​။
ကံစမ်းမဲတို့၊ ဘာလုပ်​​ပေးရင်​ i Phone ရမယ်​။ Phone bill ရမယ်​။ ဆိုတာမျိုး​တွေ ​တွေ့တာနဲ့ စဉ်းစား​တွေး​တောတတ်​တဲ့ ဦး​ဏှောက်​မရှိတဲ့သူ​တွေလို ဂျင်း Page (ဂျင်းထည့်​သူ)က ခိုင်းတဲ့အတိုင်း ​ပျော်​​ပျော်​ကြီး လိုက်​လုပ်​​ပေးတတ်​ကြလို့ပါပဲ။ တကယ်​ဆိုရင်​ ဦး​ဏှောက်​​လေးသုံးပြီး ဖြစ်​နိုင်​၊ မဖြစ်​နိုင်​ဆိုတာကို ​ဝေဖန်​ပိုင်းခြား၊ သုံးသပ်​ကြည့်​သင့်​ပါတယ်​။ ဒါမှလည်း ဂျင်း Page ​တွေက ခိုင်းသလို Like, Comment, Share, Mention, ​တွေ အလွယ်​မလုပ်​မိ​တော့ပဲ ဂျင်း Page ​တွေဆိုတာကို သိကြမှာမို့ပါ။

ကဲ.... အ​ပေါ်မှာ​ပြောထားတာဖတ်​ပြီးပြီဆိုရင်​ ဂျင်းလိုက်​ထည့်​​နေတဲ့ Sacm Page or Fake Page ​တွေကို Report ၀ိုင်းလုပ်​​ပေးကြရ​အောင်​ ​အောင်​က အဆင့်​​လေး​တွေအတိုင်း လိုက်​ လုပ်​​ပေးကြပါဦး။

[[ Fake Page or Scam Page ​တွေကို Report လုပ်​နည်း ]]

1. Report လုပ်​မည့်​ Page Timeline ကိုဝင်​လိုက်​ပါ။
2. ညာဘက်​အ​ပေါ်​ထောင့်​မှ အစက်​​လေး 3 စက်​ကိုနှိပ်​ပြီး ​ပေါ်လာတဲ့ထဲက Report ကို နှိပ်​ပါ။
3. It's a scam ကို နှိပ်​ပါ။
4. This Page is fake ကို နှိပ်​ပါ။
5. Mark this Page as a scam ကိုနှိပ်​ပါ။



2. ညာဘက်​အ​ပေါ်​ထောင့်​မှ အစက်​​လေး 3 စက်​ကိုနှိပ်​ပြီး ​ပေါ်လာတဲ့ထဲက Report ကို နှိပ်​ပါ။

3. It's a scam ကို နှိပ်​ပါ။

4. This Page is fake ကို နှိပ်​ပါ။

5. Mark this Page as a scam ကိုနှိပ်​ပါ။

အထက်​ပါအတိုင်း ဂျင်းထည့်​​နေသည့်​ Fake Page အတုအ​ယောင်​များကို ​တွေ့တိုင်း Report လုပ်​​ပေးကြပါ။

Report လုပ်​ရန်​ နမူနာ ဂျင်း Page များ
------------------------------------------------










မြင့်​မြတ်​ Page အတု =>
Myint Myat
 https://www.facebook.com/Myint-Myat-364551220719765/

Myint Myat _မြင့်မြတ်
https://www.facebook.com/Myint-Myat-_%E1%80%BB%E1%80%99%E1…/

Myint Myat Fan Family
https://www.facebook.com/Myint-Myat-Fan-Family-20491060886…/

နေတိုး Page အတု => https://www.facebook.com/Nay-Toe-%E1%80%B1%E1%80%94%E1%80%…/

ဂျင်းထည့်​​နေတဲ့ Page ​တွေက​တော့ အများကြီးပဲ။ လက်​ရှိ အကယ်​ဒမီ​ပေးပွဲနဲ့ ပတ်​သက်​ပြီး ဂျင်းထည့်​​နေတဲ့ Page ​တွေကို​တော့ ဒီ Key Words "iphone 8 အလုံး ၁၀၀" နဲ့ သာ ရှာကြည့်​​တော့.... 😄
ကိုယ့်​ အသိ၊ မိတ်​​ဆွေ၊ သူငယ်​ချင်းများနဲ့ Facebook သုံး​နေတဲ့ မိသားစုဝင်​​တွေထဲမှာ ခဏတိုင်း ဂျင်းထည့်​ခံ​နေရသူ​တွေရှိ​နေတယ်​ဆိုရင်​.... သို့မဟုတ်​.... Fake Page or Scam Page ​တွေရဲ့ ဂျင်းထည့်​ခြင်း​တွေက​နေ ကြိုတင်​ကာကွယ်​ထားဖို့ အားလုံးသိရ​အောင်​ ပြန်​လည်​ပြီး #Share လုပ်​​ပေးလိုက်​ကြပါဦး။

သူ​တောင်းစားများရဲ့ ဂျင်းထည့်​ခံရခြင်းမှ ကင်း​ဝေးကြပါ​စေ.....။

Aung KyawSoe ( 24.3.2018 - 4:30 PM )

မူရင်းပို့ စ် => 
Share This

No comments:

Post a Comment

Contact Us

Contact Form

Name

Email *

Message *