Hack ခံထားရတဲ့ Account တစ်ခုကို Facebook Team ဆီ Report လုပ်နည်း

Hack ခံထားရတဲ့ Account တစ်ခုကို Facebook Team ဆီ Report လုပ်နည်း



Facebook ပေါ်မှာ မကြာခဏမြင်တွေ့နေရတာတစ်ခုကတော့
Account ခိုးယူခံရမှုတွေပါပဲ။ အကောင့်တွေ ဘာကြောင့် ခိုးယူခံရလဲ
ဆိုတာကို လေ့လာကြည့်မယ်ဆိုရင်......

နံပါတ္(၁) -
သုံးစွဲနေတဲ့ Account ပိုင်ရှင်ကိုယ်တိုင်က Security ပိုင်းဆိုင်ရာကို
အလေးမထားတဲ့အတွက်ကြောင့်။

Facebook Account အသုံးပြုဖို့အတွက် အဲ့ဒီအကောင့်ကို
ကိုယ်တိုင်ကိုယ်ကျ ဖွင့်ကြတာတွေရှိသလို ဆိုင်တွေ၊ အသိမိတ်ဆွေ
သူငယ်ချင်းတွေကို ဖွင့်ခိုင်းကြတာတွေလည်းရှိပါတယ်။

ဥပမာ - Email နဲ့ဖွင့်ထားတဲ့အကောင့်တစ်ခုဆိုပါတော့ သူများက
ဖွင့်ထားပေးတာပဲဖြစ်ဖြစ် ကိုယ်တိုင်ဖွင့်ထားတာပဲဖြစ်ဖြစ် အဲ့ဒီ
Email ကို အရင်ဆုံး Security မြှင့်သင့်ပါတယ်။ သူများဖွင့်ပေးထားတဲ့
အချိန်က ထည့်ထားတဲ့ Recovery Email တွေ Recovery Phone ကို
ကိုယ့်ရဲ့ကိုယ်ပိုင် Email ရယ် Phone Number ရယ်နဲ့ချိန်းပြီးတော့
အဲ့ဒီ Email ကို 2 Step လေး ခံပြီးတော့ သုံးသင့်ပါတယ်။

အဲ့ဒီလို အခြားသူစဖွင့်ချိန်က အချက်အလက်တွေကို ကိုယ့်အချက်အလက်
တွေနဲ့ပြောင်းလဲလိုက်တဲ့အတွက် တစ်ချိန်ချိန်မှာ အဲ့ဒီတစ်ယောက်က
မကောင်းကြံပြီး ကိုယ့်အကောင့်ကို ခိုးယူဖို့ကြံခဲ့မယ်ဆိုရင် အလွယ်တကူ
ခိုးယူလို့မရနိုင်တော့ပါဘူး။ တစ်ချို့သူများဖွင့်ပေးထားစဉ်ကအတိုင်း
ဘာမှ မချိန်းပဲ ဒီတိုင်းထားပြီးသုံးတာတွေရှိသလို သမီးရည်းစားအချင်းချင်း
အကောင့်ဖလှယ်သုံးတာတွေ ပေးသုံးထားတာတွေရှိပါတယ်။ အဲ့လိုလူမျိုး
တွေပဲ အဆင်ပြေနေတဲ့အချိန်မှာဘာမှမဖြစ်ပေမယ့် အဆင်မပြေတဲ့အချိန်
သမီးရည်းစားတွေ ပြတ်သွားတဲ့အချိန်မှာ အဲ့ဒီအကောင့် အလွယ်တကူနဲ့
သိမ်းယူ(ခိုးယူ) သွားကြတာများပါတယ်။ နောက်ကျောကို ဓားနဲ့အထိုးခံ
ရတဲ့ အကွက်တွေပေါ့။ :D
 
Email ကို ကိုယ့်ရဲ့Recovery Email & Phone Number ထည့်ထားခဲ့မယ်
2 Step လေးကို on ပြီးတော့ သုံးနေခဲ့မယ်ဆိုရင် ကိုယ့် Email ကို
အလြယ္တကူ ခုိးယူလို ့ရေတာ့မွာမဟုတ္ပါဘူး။ Facebook Account ရဲ ့
အသက်က အဲ့ဒီအကောင့်ကို ဖွင့်ထားတဲ့ Email ပါပဲ။ ဒါကြောင့် Email ကို
အရင်ဆုံး လုံခြုံအောင် လုပ်ထားကြပါလို့အကြံပေးချင်ပါတယ်။

နောက်တစ်ခုက တွေ့သမျှ App တွေကို အလွယ်ရတဲ့နေရာကနေ ရယူပြီး
သုံးစွဲနေတာတွေကြောင့်လည်း Phishing တွေမိပြီး အကောင့်တွေ ပါကုန်
တာ များပါတယ်။ အဲ့ဒီ ရန်က ကာကွယ်ချင်ရင် Facebook Account ကို
ဖုန်းနံပါတ်ထည့်ထားပြီး Login Code ( Login Approval ) ကို On ပြီး
တော့ သုံးပါ။ အဲ့ဒါဆို Phishing App, Phishing Website တွေကို ဝင်မိ
ရင်လည်း အေးဆေးပါပဲ ကိုယ့်အကောင့်လေး မပါသွားနိုင်တော့ဘူးပေါ့။

အကောင်းဆုံးအကြံပေးချင်တာကတော့ App တွေကို သူများချပေးထားတဲ့
Link တွေကနေ မဒေါင်းသင့်သလို Play Store, iTunes Store တို့မှာ
ကိုယ်လိုချင်တဲ့ App ကို Official App ဟုတ် မဟုတ် စစ်ဆေးပြီး Download ပြုလုပ် သုံးစွဲကြပါလို့ပဲ အကြံပေးချင်ပါတယ်။

______________________________________________
<< Facebook Account Security မြှင့်နည်းတွေကတော့ မကြာခဏတင်ပေးထားလို့စာရှည်မှာစိုးသည့်အတွက် မထည့်တော့ပါဘူး ဒီလင့် https://www.facebook.com/OSCMyanmar.mm/posts/721337638074073 မှာ Facebook Account Security မြှင့်နည်းတွေကို တင်ပေးထားပါတယ်။ ဝင်ဖတ်ကြည့်လိုက်ပါ။ >>
______________________________________________

နံပါတ္(၂) -
ကိုယ် တတ်ကျွမ်းထားတဲ့နည်းပညာကို အလွဲသုံးစားလုပ်ပြီး
ခြေဆော့ လက်ဆော့လုပ်ပြီး Account တွေကို လိုက်လံခိုးယူနေတဲ့
အောက်တန်းစားအချို့ကြောင့်။

တစ်ချို့က အခကြေးငွေယူပြီး ခိုးခိုင်းတဲ့ Account တွေကို လိုက်လံပြီး
ခိုးယူနေတာတွေရှိသလို၊ တစ်ချို့ကျတော့လည်း အပျော်သဘောနဲ့
လိုက်လံခိုးယူနေတာတွေရှိပါတယ်။ တစ်ချို့ကျတော့ အောက်တန်းစား
ခွေးသူခိုးတွေပါပဲ ရည်ရွယ်ချက်ရှိရှိ လိုက်လံ ခိုးယူနေပြီး သူတို ့ကိုယ်ကျိုး အတွက် အသုံးချကြတာတွေရှိပါတယ်။ ဥပမာ - Account တွေလိုက်ခိုး
ပြီးရင် ငွေညှစ်တာ ဖုန်းဘေလ်တွေ လိမ်တောင်းတာ Sex Chat ခိုင်းတာ
အဲ့ဒါမျိုးတွေအတွက် ခိုးယူကြတာတွေများပါတယ်။ အဲ့ဒီ ခွေးသူတောင်းစား
အောက်တန်းစား ခွေးသူခိုးတွေ အလွယ်တကူ ခိုးယူလို့ရနေတယ်ဆိုတာ
Facebook Account ရဲ့ Password, Gmail Password တွေကို နာမည်၊
မွေးနေ့မွေးရက်၊ ဖုန်းနံပါတ်၊ ရည်းစားနာမည်၊ နဲ့မှန်းရလွယ်တဲ့ အရာတွေ
ပေးထားတဲ့အတွက် ခိုးယူခံရတာများပါတယ်။

ဒါကြောင့်မို့ သိပ်ပြီးတော့ အလွယ်မကြိုက်ကြပါနဲ့လွယ်လွန်းရင်
ဒုက္ခရောက်တတ်တယ်ဆိုတာ သိထားပြီး Password တွေကို
အလွယ်ပေးတာမျိုးတွေကနေ ဆင်ခြင်နိုင်ကြပါစေလို့ပဲပြောချင်ပါတယ်။

______________________________________________
<< "မိမိ Account Security အတွက် Strong(အကောင်းဆုံး)
ဖြစ်စေမယ့် Passwords ပြုလုပ်ထားပါ" => https://www.facebook.com/OSCMyanmar.mm/videos/611339039073934 လေးကို သေခြာကြည့်ပြီး Password ကို အကောင်းဆုံး၊ အလုံခြုံဆုံး ပေးနိုင်ပါစေ။ >>
______________________________________________

ကဲ.... လေကြောရှည်တာ နည်းနည်းများပြီး အခု အဓိကပြောချင်တဲ့
Hack ခံရတဲ့ သူငယ်ချင်းအကောင့်( သူငယ်ချင်းမဟုတ်လည်း လုပ်လို့ ရပါတယ်။ ) ကို Report လုပ်ပြီး ကူညီပေးလိုက်ကြပါ။

( ဒါက နမူနာပါ ဒီ Account လည်း Hack ခံထားရပါတယ်။ ဝိုင်းပြီး Report လုပ်ပေးလိုက်ကြပါဦး။ )


Hack ခံထားရတဲ့ အကောင့်တစ်ခုကို Report လုပ်ပြီးကူညီဖို့အတွက်
အရင်ဆုံး အဲ့ဒီအကောင့် Profile ( Timeline ) ကိုသွားပါ => https://www.facebook.com/winko.konaing.773

Profile ကို ရောက်ပြီဆိုတာနဲ့အောက်ပါ အတိုင်း အဆင့် ( ၅ ) သာ လုပ်ဆောင်ဖို့လိုပါတယ်။

1. More ( အစက်လေး 3 စက် ) ကိုနှိပ်ပါ။
2. Report ကိုနှိပ်ပါ။
3. I want to help Win Ko ကို နှိပ်ပါ။
4. I think someone else is using his account
5. Done ကိုနှိပ်ပါ။
Hack ခံထားရတဲ့ အကောင့်ကို Report တင်ခြင်း ပြီးဆုံးသွားပါပြီ။


( ပုံလေး ( ၅ ) ပုံလည်းပြထားပေးပါတယ်။ ပုံကိုကြည့်ပြီး လိုက်လုပ်လဲ ရပါတယ်။ )








Aung Kyaw Soe ( 12.10.2017 - 11:37 AM )

__________________________________________________
OSC-Myanmar အနေနဲ့ အခကြေးငွေဆိုတာထက် အကူအညီ
လိုအပ်နေသူတွေကို တန်ဖိုးနည်းနည်းနဲ့အကောင်းဆုံး Service ပေးနိုင်ဖို့ကိုပဲ အမြဲတမ်းရှေ့တန်းတင်ထား တွေးထားတယ်ဆိုတာ
အားလုံးကို သိစေချင်ပါတယ်ဗျာ။ ^_^ ^_^ ^_^
နည်းပညာပိုင်းမှာ ဆရာမကျပေမယ့် OSC-Myanmar
Admin Team အနေနဲ့ ဝန်ဆောင်မှုတွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ဝန်ဆောင်မှုပေးနေပါတယ်။

Online Service Center Myanmar
------------------------------------------------
🚹 - Aung Kyaw Soe
📬 - m.me/CityHunter.mm
📱 Viber - ‎‎‎09421157911
📞 - ‎‎‎09794426154
- ‎‎‎09253351244
📬 - m.me/OSC-Myanmar.mm
📨 - punkboystar@gmail.com
🎭 - www.facebook.com/OSCMyanmar.mm
🌐 - www.OSC-Myanmar.com
🌐 Viber Public Chat - www.viber.com/OSC-Myanmar