Facebook သုံးနေပြီး သင်ဒါတွေသိရဲ့လား...?

Facebook သုံးနေပြီး သင်ဒါတွေသိရဲ့လား...?



1. Facebook Account တွေ ပျက်တယ်ပြောနေကြတယ်...?
တကယ်တော့ ကိုယ်တိုင်က Deleted မလုပ်မချင်း လုံးဝမှမပျက်ဘူး
ကိုယ်တိုင်က ဖျက်ရင်တောင် ၁၄ ရက်ကျော်မှပဲပျက်တယ်။ ပြောချင်တာ
ပြီးစလွယ်ပြောပြောနေကြတဲ့ အကောင့်ပျက်တယ်ဆိုတာ လုံးဝ လုံးဝ
မဟုတ်ပဲ Lock ကျတာတွေကို ပြန်မယူတတ်လို့မသုံးရတာကိုပဲ
ပျက်တယ်ဆိုပြီး ပြောနေကြတာများပါတယ်။


2. Facebook Account တွေပျက်သွားလို့သုံးမရတော့ဘူးပြောတယ်...?
တကယ်က ရာသက်ပန် Disabled ဖြစ်တာမဟုတ်ရင် Lock မျိုးစုံပဲကျကျ ရိုးရိုး Disabled ပဲကျကျ Facebook Team ဆီမှာ ပြန်တောင်းသုံးချင်ရင်
ပြန်သုံးလို့ရတယ် လုံးဝသုံးမရတော့ဘူးဆိုတာမရှိဘူး။

3. Facebook မှာ ID တင်ထားရင် Lock မကျတော့ဘူး Report မမိတော့ဘူး
Account မပျက်တော့ဘူးဆိုပြီး ပြောနေကြတယ်....?

ID တင်ထားတိုင်း Lock မကျဘူး Report မမိဘူး ရာသက်ပန် Disabled
မကျဘူး ဘယ်သူပြောလဲ...? ပြောတဲ့သူက ရူးနေလို့ပဲဖြစ်မယ် ဘယ်လောက်အကောင့် အစစ်အမှန်သုံးနေပါစေ ID ဘယ်လောက်ပဲ
တင်ထားပါစေ နောက်ဆုံး Blue Mark ကြီးပဲ ရနေပါစေ Privacy & Policy
တွေ Facebook ရဲ့Community Standards တွေကို မလိုက်နာနိုင်ရင်
ဘယ်လိုမှ ပြန်သုံးခွင့်မရှိတော့တဲ့ ရာသက်ပန် Disabled ထိ ကျနိုင်တယ်။

4. Phone or Email ၁ ခုထဲနဲ့ အကောင့် ၁ ခုထက်မက ဖွင့်သုံးလို့
ရတယ်ပြောနေတယ် ဟိုထဲဒီထဲထည့်သုံးလို့ရတယ်...?

လုံးဝမရဘူးမဟုတ်ဘူး ရတော့ရတယ် ဒါပေမယ့် ဟိုဘက်အကောင့်ထဲကနေ ဒီဘက်အကောင့်ထဲ Record ဝင် ဒီဘက်အကောင့်ထဲကနေ ဟိုဘက်အကောင့်ထဲ Record ဝင်နဲ ့အရေးရယ်အကြောင်းရယ်မှာ တိုင်အပတ်ဆုံးအနေအထားကို ရောက်တတ်တယ်။

5. Account ထဲမှာ ဖုန်းနံပါတ်ထည့်ထားတာ မကောင်းဘူးတဲ့လား...?
Facebook Account မှာ Security အရ ဖုန်းနံပါတ်ထည့် Security
မြှင့်ပြီးသုံးတာကအကောင်းဆုံးဆိုတာသိထားသင့်ပါတယ်။

6. ဖုန်းနံပါတ်ထည့်ပြီး Login Approval ကို on သုံးတာ မကောင်းဘူး တိုင်ပတ်တယ်...?
Facebook မှာ Login Approval ကို on ပြီး သုံးထားရင် Security အရ
90% လောက်ထိ လုံခြုံမှုရှိပါတယ်။ တိုင်ပတ်တယ်ဆိုတာတွေက Login
ဝင်တဲ့အခါမှာ တစ်ခါတလေ Code မပို့တာတွေ ဖုန်းနံပါတ် အလိုလျောက်
ပြုတ်သွားလို့ Code မပို့တာတွေဖြစ်တယ်ဆိုတာက Account ၁ ခုထက်
ပိုပြီး သုံးတဲ့သူတွေမှာပဲ အဖြစ်များပါတယ် ( သတိထားရင် မဖြစ်ပါ )
ဟိုအကောင့်ဝင်သုံးလိုက် ဒီအကောင့်ဝင်သုံးလိုက်နဲ့ အမှတ်တမဲ့
Messenger ထဲကို Login & Log Out လုပ်တဲ့အခိုက်အတန့်မှာ
ဟိုဘက်အကောင့်ထဲက Phone Number ကို ဒီဘက်က Account ထဲမှာ
မတော်တဆ Confirm လုပ်လိုက်မိတဲ့အတွက် ဖုန်းနံပါတ်တွေ
အလိုလျောက်ပြုတ်ပြီး တိုင်ပတ်ကုန်တာများပါတယ်။

 နောက်ဆုံး
အကြံပေးချင်တာကတော့ ဖုန်းနံပါတ်ထည့်ထားပြီး Login Approval
ကို on ထားပြီး သုံးတာက အကောင်းဆုံးပါပဲလို့တိုက်တွန်းချင်ပါတယ်။



Aung Kyaw Soe ( 22.5.2017 - 8:15 PM )