Spam, Phishing Link Post တွေကို Report လုပ်ပါ

Spam, Phishing Link Post တွေကို Report လုပ်ပါ






"Facebook ပေါ်မှာ ပုံစံအမျိုးမျိုးနဲ့မြင်တွေ့နေရတဲ့ Sexy Virus Post or  Spam Post တွေ Phishing Link Post တွေကို Report လုပ်ကြမယ်"
Spam Post တွေ Phishing Post တွေကို Facebook ထဲမှာ
မကြာခဏ မြင်တွေ့ဖူးကြမယ်ထင်ပါတယ် အဲ့လို Post တွေက
ပုံစံအမျိုးမျိုးနဲ့ ဟိုအကောင့်ကနေ Share ထားတာ ဒီ အကောင့်ကနေ
Share လုပ်ထားတာမျိုးတွေကို မြင်တွေ့ဖူးကြမှာပါ ယခင်ကတော့ Wall ပေါ်တွေမှာပါ မြင်တွေ့ရပြီး ခုနောက်ပိုင်းမှာတော့ တော်တော်များများ
Group တွေထဲမှာပဲ မြင်တွေ့လာရပါတယ်။

အဲ့ဒီလုိ Post ေတြက Sex နဲ ့ပတ္သက္တဲ့ Video, Photo, News
တွေနဲ့တက်လာတာကို အများဆုံး မြင်တွေ့ကြရမှာပါ တော်တော်များများက
18+ ဆိုတာနဲ့ စိတ်ဝင်တစားဖြစ်ပြီး ချက်ချင်း ဝင်ကြည့်တတ်ကြလို့ပါပဲ
Sex နဲ့ပတ်သက်တာတွေချည်းပဲလားဆိုတော့ လည်း မဟုတ်ပြန်ပါဘူး
Game တွေနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းတွေ
ကံစမ်းမဲအကြောင်းတွေ လူစိတ်ဝင်စားတဲ့ သတင်းအတုအယောင်တွေနဲ့
ဖြစ်နေတတ်တာများပါတယ်။

အဲ့ဒါမျိုးတွေကို မိတာတွေကတော့ Sex နဲ့ပတ်သက်တာကို စိတ်ဝင်စား
တဲ့သူတွေ Game နဲ့ပတ်သက်တဲ့အလကားရတယ်ဆိုတဲ့အရာတွေ
ကံစမ်းလို့ရတယ်ဆိုတာတွေကို အလွယ်တကူ ယုံကြည်ပြီး
လောဘထားတဲ့သူတွေ ဘုမသိဘမသိနဲ့ခံရတာများပါတယ်။


ဥပမာ Sex Post ကို မြင်တာနဲ့ Click နှိပ်ပြီး တန်းပြီးဝင်ကြည့်
လိုက်တယ် အဲ့ဒီမှာ Post မှာပြထားတဲ့ ဗီဒီယို၊ ဓာတ်ပုံ၊ အကြောင်းအရာ
ပြထားတဲ့ Website Link လည်းမဟုတ်တော့ပဲ အခြား Link ကြီး
ဖြစ်သွားတာမျိုးတွေ ပြထားတာကို စိတ်ဝင်စားလို့ဝင်ကြည့်ပေမယ့်
ဘာမှမရှိ ဘာမှ မမြင်ရပဲ ပြန်ထွက်လာလိုက်ရတာမျိုးတွေ ဖြစ်သွားမယ်
အဲ့ဒီမှာ ဘာဖြစ်လည်းဆိုတော့ ကိုယ်မသိပဲနဲ့ ကိုယ့် Account ကနေ
အဲ့ဒီလို ပုံစံတူ Sex နဲ့ပတ်သက်တဲ့ Post တွေကို အလိုလျောက်
Share လုပ်နေပါတော့တယ် ကိုယ်လည်းမသိရပါပဲ ကိုယ့်အကောင့်ကနေ
အဲ့ဒီလိုတွေ လျှောက်တင် လျှောက်ပြီး Share လုပ်နေတာကို
ကိုယ့် ပတ်ဝန်းကျင်ကလူတွေ မြင်တွေ့သွားရင် ဒီတစ်ယောက်ကတော့
ဒီလိုကြီးပါလားဆိုပြီး အထင်လွဲစရာတွေ အထင်သေးစရာတွေ
ဖြစ်ကုန်တတ်ပါတယ် တွေးကြည့်ရင်တော့ ရှက်စရာကြီးပေါ့
မိန်းကလေးဖြစ်နေရင်တော့ ပိုပြီးတော့တောင် ဆိုးပါတယ်
ဒါကြောင့်မို့လို့ အဲ့ဒါမျိုးတွေကို လျှောက်ပြီး ဝင်မကြည့်ကြပါနဲ့လို့
သတိပေးချင်ပါတယ်။

နောက်တစ်ခုက Phishing Post တွေ.......
လူပြိန်းတွေတော်တော်များများက Phishing မှန်း ဘာမှန်း ညာမှန်းမသိ
အကုန်ယုံပြီး Login တွေ လျှောက်ဝင်တော့ Account တွေ မကြာခဏ
အခိုးခံရတာတွေဖြစ်ကုန်ပါတယ် Gmail, Facebook တို့ဆိုတာက
Security မြင့်နေရင် မြှင့်ထားရင် အလွယ်တကူ Hack လုပ်လို့မရတဲ့
အရာတွေပါ ဘာကြောင့် ဒီလိုအကောင့်တွေ ခိုးယူခံရလည်းဆိုတော့
ခပ်ပိန်းပန်းတွေကြောင့်ပါပဲ။


ဥပမာ Coc Gem တွေ Hack လုပ်လို့ရတယ် Gem တွေအလကား
ရမယ် ဒီ Link လေးထဲကိုဝင်ပြီးလုပ်ပါ တို့ ဖုန်းတွေ၊ ဆုကြေးတွေ
ကံစမ်းလို့ရနေပြီ ဒီ Link လေးကနေ ဝင်ပါဆိုပြီး Link တွေချပေး
ထားတာတွေကို ယုံယုံကြည်ကြည်နဲ့ဝင်ပြီး အဲ့ဒီကနေ ကိုယ့်ရဲ့
Gmail, Facebook တွေရဲ့  Email တွေ Password တွေကို
လိုလိုလားလားနဲ့ ရိုက်ထည့်ပြီး ဝင်လိုက်ပါတော့တယ် အဲ့ဒီလို
ဝင်လိုက်တဲ့အချိန်မှာ ကိုယ်ထည့်ပေးလိုက်တဲ့ User Name & Password က အဲ့ဒီ Phishing ဆာဗာဆီကို ရောက်သွားရော ဟိုဘက်က
သူ့ဆာဗာထဲက Log ဖိုင်လေးထဲဝင် Email & Password ကိုယူ
Facebook, Gmail တွေထဲဝင် info တွေအကုန်ချိန်း Security
တွေ မြှင့်လုပ်ပစ်လိုက်ကြရော အဲ့ဒီကျမှ အကောင့် Hacked လုပ်ခံရ
လို့ပါ အဖေကယ်ပါ အမေကယ်ပါတွေ ဖြစ်ကုန်ကြတယ်။

Website Link တင်ပဲလားဆိုတော့ မဟုတ်ဘူး လူသုံးများတဲ့
App တွေကိုလည်း ပုံစံတူလိုက်တုပြီး အတုတွေ လိုက်လုပ်တယ်
Phishing App ပေါ့ ဥပမာ Gmail App , Facebook App တွေကို
အတုလုပ်ထားပြီး ဒါလေးက ကာလာလေးတွေနဲ့သုံးလို့ရမယ့်ဟာပါ
အကောင့်တွေအများကြီးဝင်သုံးလို့ရတဲ့ဟာပါ Bill 0 ကျပ်နဲ့သုံးလို့
ရမယ့်ဟာပါ ဒါလေးကတော့ ဒီနေ့ထွက်တဲ့ Version Update လေးပါ
ဘာတွေအသစ်ပါတယ် ဘယ်လိုတွေ သုံးလို့ကောင်းတယ်ဆိုပြီး
လူစိတ်ဝင်စားအောင် အများသူငှာ ယုံကြည့်လာအောင် မက်လုံးပေး
သိမ်းသွင်းပြီး သူတို့ Phishing App တွေကို Download လုပ်ပြီးသုံးဖို့
ဖြန့်တတ်ကြတယ်။

အယုံလွယ်သူတွေ အသစ်အဆန်းဆို စိတ်ဝင်စားသူတွေ
ခံကြပေတော့ပဲ ကိုယ်က သူတို့ပေးထားတဲ့ Phishing Facebook
App အတုကို သုံးမိတယ်ဆိုပါတော့ သာမန် User ဆိုမသိနိုင်ဘူး
အတုလားအစစ်လားဆိုတာကို ဘာလို့လည်းဆိုတော့ ကိုယ်က
အဲ့ဒီ App ကို User Name & Password ရိုက်ထည့်ပြီး Login
ဝင်လိုက်တဲ့အချိန်မှာ ကိုယ်ရိုက်ထည့်လိုက်တဲ့ Email & Password က
ဆာဗာ နှစ်ခုဆီကို ခွဲထွက်သွားတယ် တစ်ခုက Phishing ဆာဗာ
နောက်တစ်ခုက Facebook ဆာဗာ အဲ့ဒီလို နှစ်ဖက်ခွဲပြီးဝင်သွားပြီး
ကိုယ့်က Facebook ကို ပုံမှန်သုံးနေကျအတိုင်းပဲ ဆက်သုံးလို့
ရနေမယ်။

အဲ့ဒီမှာ ဟိုဘက်က Phishing Log ဖိုင်လေးထဲဝင်ကြည့်ပြီး
ကိုယ့် Account ကို သိမ်းလည်း သိမ်းလိုက်ရော Hack ခံလိုက်ရပြီ
ပါသွားပြီ ဗြီး...ဗြဲ... ဆိုပြီး ဖြစ်ကုန်ကြပါလေရော..... :D
ဒါကြောင့် Facebook ပေါ်မှာ အဲ့ဒီလို Spam Post တွေ Phishing
Post တွေကို မြင်တွေ့လာတာနဲ့တန်းပြီး Report လုပ်ပေးကြဖို့
လိုပါတယ် ကိုယ်တွေ့ရင် ကိုယ်က Facebook Security Team ဆီကို
Report လုပ် သူများတွေ့လည်း အဲ့ဒီလိုမျိုး Post တွေကို တွေ့ရင်
လျှောက်နှိပ်ပြီးဝင်မကြည့်ကြဖို့ကိုသတိပေး တွေ့သမျှ App တွေကို
မသုံးကြပဲ Apple Store, Google Play Store ကိုသွားပြီး အဲ့ဒီမှာ
တင်ထားတဲ့ Official App တွေကိုသာ အသုံးပြုကြပါ ဝိုင်းဝန်း
ကူညီပေးကြပါလို့ ဆော်သြရင်း နဲ့နိဂုံးချုပ်လိုက်ပါတယ်ဗျာ။ ^_^
 
အဲ့ဒီလို Post တွေ တွေ့လာလျှင် အောက်က နည်းတွေအတိုင်း
Report မဖြစ်မနေလုပ်ပေးကြပါ ဒါမှ သင်နဲ့သင့်ပတ်ဝန်းကျင်မှာ
Spam Virus Post, Phishing Post တွေ လျော့ပါးသွားပြီး
အားလုံး အန္တရာယ်ကင်းကင်းနဲ့အေးအေးဆေးဆေး အသုံးပြုနိုင်ကြမှာပါ။



---------------------------------------------------------

#ပထမနည်း( ၁ )
1. Post ညာဘက်ထောင့်မှာ အောက်ကိုစိုက်နေတဲ့ မျှားလေးရှိပါတယ် အဲ့ဒါကိုနှိပ်ပါ။
2. ပေါ်လာတဲ့ထဲက Report Post ကို နှိပ်ပါ။
3. It's spam ကိုရွေးပြီး Continue ကိုနှိပ်ပါ။
4. Mark this post as spam နှိပ်ပါ။
5. Message ------ about this ကိုထပ်နှိပ်ပါ။
6. Send ကို နှိပ်ပြီး OK ကိုနှိပ်ပါ။ ( ဒါမှ သူ မသိပဲ သူ့Account ကနေ Spam Post ကို Share ထားတာသိမှာ :3 )
7. Done ကိုနှိပ်ပေးလိုက်ပါ။
---------------------------------------------------------

#ဒုတိယနည်း ( ၂ )
1. Post ညာဘက်ထောင့်မှာ အောက်ကိုစိုက်နေတဲ့ မျှားလေးရှိပါတယ် အဲ့ဒါကိုနှိပ်ပါ။
2. ပေါ်လာတဲ့ထဲက Report Post ကို နှိပ်ပါ။
3. I think it shouldn't be on Facebook ကိုရွေးပြီး Continue ကိုနှိပ်ပါ။
4. It's pornography ကိုရွေးပြီး Continue ကိုနှိပ်ပါ။
5. Submitted to Facebook for Review ကုိႏွိပ္ပါ။
6. Done ကိုနှိပ်ပေးလိုက်ပါ။
--------------------------------------------------------------

#တတိယနည်း ( ၃ )
1. Post ညာဘက်ထောင့်မှာ အောက်ကိုစိုက်နေတဲ့ မျှားလေးရှိပါတယ် အဲ့ဒါကိုနှိပ်ပါ။
2. ပေါ်လာတဲ့ထဲက Report Post ကို နှိပ်ပါ။
3. It's a fake news story ကိုရွေးပြီး Continue ကိုနှိပ်ပါ။
4. Mark this post as fake news ကုိႏွိပ္ပါ။
5. Done ကိုနှိပ်ပေးလိုက်ပါ။
---------------------------------------------------------------


Group ထဲမှာ Member အဖြစ်ရှိနေတယ်ဆိုရင်
Group Admin ဆိုကိုလည်း Report to Admin လုပ်လို့ရသလို
နောက်ထပ် အခြားနည်းတွေနဲ့လည်း Report ထပ်လုပ်လို့ရပါတယ်
ဒီနည်းတွေလောက်ဆိုရင် တော်တော်လေးကို ပြည့်စုံနေပါပြီ။

Aung Kyaw Soe ( 27.1.2017 - 7:00 PM )

#AKS#AKS_Sharing
#FacebookBoostServices#WebsiteServices#DomainNameServices#SecurityServices#FacebookAccountSecurity#FacebookSecurity#OnlineServices#Facebookboost#Facebook#Domain#DomainName#SocialAccountSecurity#Security#SocialAccount#Social#Myanmar#Online#FacebookPage#Blogger#BloggerWebsite#OSC#OSCMyanmar#OSC_Myanmar#OnlineServicesCenter#OnlineServicesCenterMyanamr #Online_Services_Center #FacebookSpamPost #SpamPost #Phishing #PhishingLink