မိမိ Account ကို Security Checkup အမြဲလုပ်ပါ

မိမိ Account ကို Security Checkup အမြဲလုပ်ပါ





"မိမိ Account ကို Security Checkup အမြဲတမ်းလုပ်နေသင့်"

လွန်ခဲ့တဲ့ ၁ ပတ် တိတိကျကျပြောရရင် ၁၃.၁.၂၀၁၇ နေ့က
ညီမ တစ်ယောက်ကနေပြီး သူ့အကောင့် Password ကို
လွန်ခဲ့တဲ့ ၁ ပတ်လောက်ကတည်းက သုံးလို့မရလို့ကူညီပါဦး
ဆိုတာနဲ့ အဲ့ဒီ Account က Email နဲ့ ဖွင့်ထားတာလား
Phone Number နဲ့ဖွင့်ထားတာလားဆိုတော့ Email နဲ့
ဖွင့်ထားတာ တော်တော်လေးတော့ကြာပြီလို့ပြောတာနဲ့
ဖုန်းနံပါတ်ရော ထည့်ထားလားဆိုတော့ ဟုတ်အစ်ကို ညီမ
Login Approvals ကုိ on ထားတယ္အစ္ကုိ ဆုိတာနဲ ့
Forget ကနေ Password ကို Reset ချကြည့်တော့မှ
အဲ့ဒီအကောင့်ထဲမှာ Access ဖြစ်နေတာက Email တစ်ခုပဲ
ရှိတယ်။

ဒါနဲ့ Messenger ကနေ ဖုန်းနံပါတ်ထည့်ထားလား မထည့်ရ
သေးဘူးဆိုရင် ထည့်လိုက် ဆိုတော့ ထည့်ထားပြီးသားအစ်ကို
လို့ပြောတာနဲ့ Password Reset လုပ်ကြည့်တော့ မေးလ်ကိုပဲ
သွားပြနေတယ် ဘာဖုန်းနံပါတ်မှ ပေါ်မလာဘူး ဒါနဲ့ Password
အဟောင်းပေးဆိုပြီး အဲ့ဒါနဲ့ဝင်ကြည့်တော့ ဟုတ်တယ် လွန်ခဲ့တဲ့
၁ ပတ်ကျော်လောက်ကတည်းက သူ့ Facebook Password ကို
တစ်စုံတစ်ယောက်က ချိန်းသွားပြီ ဒါပေမယ့် ဒီဘက်မှာ သုံးလို့က
ရနေသေးတယ် Log Out All တဖက်ကနေ မလုပ်ပဲ Password ပဲ
ချိန်းပြီးတော့ ဘာတွေပြောနေလည်း ဘာတွေလုပ်နေလည်းဆိုပြီး
စောင့်ကြည့်နေပုံရပါတယ်။

ကဲ... ဖုန်းနံပါတ်နဲ့Reset လုပ်လို့မရဘူးဆိုတော့ အဲ့ဒီအကောင့်ရဲ့
Gmail နဲ့ Password လို့တောင်းပြီး ဝင်ကြည့်တော့ Password က
ချိန်းသွားတာ ၁ ပတ်ကျော်ကတဲ့ အဲ့ဒီမှာ Gmail ကို အရင် Recovery
ပြန်လုပ်တော့ တဖက်က သူ့ဖုန်းနံပါတ်ကို အဲ့ဒီမေးလ်ထဲ ထည့်ထားတယ်
info တွေက မမှန်ဆိုတော့ Gmail ကို Recovery ဆွဲလို့ကမရပြန်ဘူး
ဒါနဲ့ အကောင့်ကို Lock ချပြီး Email or Phone အသစ်နဲ့ Access လုပ်ဖို့
စဉ်းစားမိတော့ Account က လက်ရှိ ဟိုဘက်က Password ချိန်းပြီး
စောင့်ပဲ စောင့်ကြည့်နေတာ ဘာမှမလုပ်သေးဘူး Lock ချလိုက်ရင်
ဒီဘက်ကလည်းသုံးမရ ဟိုဘက်ကလည်းသုံးမရဖြစ်မယ်တွေးမိတယ်။

အဲ့ဒါနဲ့ Account ထဲမှာ ရှိနေတုန်း Email or Phone အသစ်နဲ့
ထပ်ချိတ်ဖို့ကြိုးစားပေမယ့် လက်ရှိ Password က ဟိုဘက်က
ချိန်းထားတော့ ဘာမှလုပ်လို့မရဘူး ဒါနဲ့ i can't login ကနေပဲ
Email or Phone အသစ်နဲ့ID တင်ပြီးတော့ပဲ Access လှမ်းလုပ်ဖို့
စဉ်းစားမိပြီး ID တင်ပြီး Access လှမ်းလုပ်ကြည့်ထားလိုက်တယ်။

နောက်ရက်ကျတော့ Facebook Security Team ဆီကနေ
i can't login တင်ထားတာကို Reply လုပ်တဲ့မေးလ် ဝင်လာတယ်
ဒါနဲ့ ဝမ်းသာအားရ အဲ့ဒီကနေဝင်ပြီး Email တွေ ဖုန်းတွေ
ထပ်ထည့်ပြီး ချိတ်ပေမယ့် ချိတ်ပေမယ့် အဲ့ဒီအကောင့်ကို Access
လုပ်လို့မရဘူး ထည့်ထားတဲ့ ဖုန်းနံပါတ်တွေကလည်း Confirm
လုပ္လို ့ကမရ Verify လုပ္လို ့ကမရ Password Reset ခ်ဖုိ ့ကလဲ
သူ့ Password ကမသိ အကောင့်ထဲရောက်နေတာကလဲ
ယာယီ Password နဲ့ဆိုတော့ အဲ့ဒါထည့်လည်းအဆင်မပြေဘူး
ဖြစ်နေပြန်တယ် Email အဟောင်းဖြုတ်ချဖို့ကလည်း Password
ကိုမသိပြန်တော့ ဒုက္ခတွေကရောက်။

ဒါနဲ့ Trusted Contacts ထည့်ကြည့်တော့ ၃ ယောက်ထည့်ရ
သွားတယ် ခက်တာက ထည့်တဲ့အချိန်တုန်းက သိတဲ့သူ ၃ ယောက်ပဲ
ရွေးထည့်လိုက်တာဆိုတော့ Password Reset ချဖို့လုပ်တော့
အဲ့ဒီလူတွေက လိုင်းပေါ်မှာ ရှိမနေဘူး တစ်ယောက် တစ်လှည့်
လိုင်းပေါ်တက်ချိန်စောင့်ပြီး ကုတ်တောင်းလုပ်ပြီးထည့်ပေမယ့်
အဆင်မပြေဘူး မေးလ်အဟောင်းကို ဟိုဘက်က ကိုင်ထားပြီး
တော့ သူ့ i Phone ထဲမှာလည်း ဒီအကောင့်ကို Facebook App
မှာရော Messenger App မှာရော ဝင်ထားတော့ ဒီဘက်ကလုပ်သမျှ
သူ အကုန်သိနေတယ် ထည့်ထားတဲ့ ဖုန်းတွေ Trusted Contacts
အကုန်ဖျက်ပစ်တယ်။

ဒါနဲ့မထူးဘူး Login Access ဖြစ်နေတဲ့ Devices, IP, Location
တွေအကုန်လုံးကို Remove လိုက်လုပ် လိုက်တော့ နောက်ဆုံး
ဟိုဘက်ကလည်း အလိုလျောက်ထွက်သွားတယ် အဲ့ဒီမှာ ဟိုဘက်က
သူ့Device, IP, Location တွေက ၁ ပတ်ကျော်လောက်ထိ Access
ဖြစ်ထားတာရယ် မေးလ်ကိုလည်း ကိုင်ထားတာရယ်ကြောင့်
ချက်ချင်း အဲ့လိုလုပ်တာတွေက သူမဟုတ်ပါဘူးဆိုပြီး ကောက်လုပ်
တယ် အဲ့ဒီမှာ သူ့ဘက်က Password ရိုက်ထည့်ပြီးဝင်ပေမယ့်
Login Approvals Code က ဒီဘက်ဖုန်းထဲကိုလာဝင်တယ်
ဒီဘက်က Password Reset ချတော့ ဘာဖုန်း ဘာမေးလ်အသစ်
ကိုမှ မပြပဲ မေးလ်အဟောင်းကြီးတစ်ခုထဲပဲပြတော့ ဘယ်လိုမှ
လုပ္လို ့ကမရဘူး အဲ့ဒီမွာ Location 3 ခုကေန Device 3 ခု IP ၃ ခုနဲ ့
အဲ့ဒီ Account ကို ဝင်ဖို့ကြိုးစားနေတာဆိုတော့ Facebook က
Lock ချပစ်လိုက်တယ်။


အဲ့ဒီမှာ ဟိုဘက်ကလည်း မေးလ်လည်း ကိုင်ထားတယ် သူ့ဖုန်းနဲ့
လည်း Access ဖြစ်ထားတာကြာပြီဆိုတော့ သူကလည်း Password
ကို Reset ချလိုက် Login Approvals ကျော်ဖို့ကြိုးစားလိုက်နဲ့
ကိုယ်တွေ ဒီဘက်ကလည်း Unlock ဖြစ်အောင်ကြိုးစားလိုက်
Trusted Contacts လေးသုံးပြီး 24 နာရီအကြာ ပြန်ရအောင်
ကြိုးစားလိုက် 24 နာရီပြည့်တော့ တစ်ခါ ဟိုဘက်ဒီဘက် အပြိုင်
ထပ်လုပ်မိပြန်တော့ တစ်ခါ ထပ်ပြီးတော့ Lock ကထပ်ကျနဲ့
သံသရာလည်းနေတယ် နောက်ဆုံး Mail ထဲကို ပို့လာတဲ့
ဆီကနေပဲ ID တင်ပေးလိုက် အကြိုးအကြောင်းပြောလိုက်နဲ့
လုပ်နေတာ ဒီနေ့ ၁ ပတ် လောက်ရှိပြီဆိုမှပဲ Unlock လင့်လေး
ထပ်ပေးပြီး Password အသစ် ပေးလို့လည်းရခဲ့သလို
မေးလ်အသစ်လည်းထည့် မေးလ်အဟောင်းလည်းဖျက်
Security လည်းမြှင့် တစ်ပြိုင်ထဲ အမြန်လုပ်လိုက်ရပါတော့တယ်။

ဒါကြောင့် မိမိတို့ Account တွေကို ဘယ် Location
ဘယ် Devices ဘယ် IP တွေနဲ့ Access လုပ်လာလည်း
လုပ်ထားလည်းဆိုတာ သိရှိပြီး အချိန်မှီ ဖျက်ထုတ်ပစ်နိုင်ဖို့
Security တွေ မြင့်သထက် ပိုမြှင့်နိုင်ဖို့ Security Checked ကို
မဖြစ်မနေ ပြုလုပ်ကြဖို့လိုပါတယ် တစ်ခါလောက် အမြင့်ဆုံး
Security အနေအထားကို မြှင့်ထားပြီးပေမယ့် မကြာခဏ ဆိုသလို
Security Checked ကတော့ လုပ်နေသင့်ပါတယ် တစ်ပတ်
၁၀ ရက် သို့မဟုတ် ၁ လတစ်ကြိမ်တော့ စစ်ဆေးသင့်ပါတယ်။

ဒီ ညီမဆိုရင် သူ့အကောင့်ထဲကို Devices, IP, Location အသစ်တွေ
ဝင်လာတာလဲ ဂရုမစိုက်မိသလို Password ချိန်းသွားတာလဲ မသိ
လိုက်ပါဘူး တစ်ဖက်ကလည်း Log Out All မလုပ်ပဲ ဒီတိုင်းထားပြီး
ဘာတွေပြောနေလည်း ဘာတွေလုပ်နေလည်း စောင့်ကြည့်နေခဲ့လို့
ဘာဆို ဘာမှမသိဖြစ်သွားပါတယ် အဲ့ဒါကတော့ Security ကို
အလေးမထားခဲ့မိလို့ Security ကို မြှင့်ထားပြီးသုံးခဲ့တာမဟုတ်လို့
ပါပဲ။

Account တစ်ခု Hack လုပ်ခံရတာ ကြာပြီးမှ Recovery ပြန်လုပ်တဲ့အခါ
အဆင်မပြေမှုတွေ အနည်းငယ်ကြုံတွေ့ရတတ်ပါတယ် အရမ်းကြာသွားရင်
အဲ့ဒီအကောင့်ကို ပြန်လည်ရရှိဖို့ ခက်ခဲသွားနိုင်သလို လုံးဝမှ ပြန်မရ
နိုင်တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ် အကောင်းဆုံးက Hacked လုပ်ခံရပြီး
၁ ပတ်အတွင်းမှာ အကောင့်ကို အမြန်ဆုံး ပြန်လည် ဆယ်ယူနိုင်ဖို့က
အင်မတန်မှ အရေးကြီးလှပါတယ် ဒါကြောင့်မို့ မိမိတို့ရဲ့အကောင့်
လေးတွေကို တန်ဖိုးထားကြတယ်ဆိုရင် Hacked လုပ်ခံရပြီး PA ( Personal Attack ) ပြုလုပ်ခံရပြီး အရှက်တကွဲ အကျိုးနည်းဖြစ်ခြင်းများ
ခြိမ်းခြောက်ခံရခြင်း အမျိုးမျိုး မဖြစ်ရလေအောင် Security ပိုင်းကို အမြဲတမ်း Checked လုပ်နေဖို့လိုပါတယ်ဆိုတာကို အသိပေးရင် ကြုံတွေ ့ခဲ့ရတာလေးတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။
Aung Kyaw Soe ( Founder - Online Services Center )
Video By : Facebook Security Team
Facebook Page => www.facebook.com/OSCMyanmar.mm
Website => www.osc-myanmar.com

#FacebookBoostServices #WebsiteServices #DomainNameServices #SecurityServices #FacebookAccountSecurity #FacebookSecurity #OnlineServices #Facebookboost #Facebook #Domain #DomainName #SocialAccountSecurity #Security #SocialAccount #Social #Myanmar #Online #FacebookPage #Blogger #BloggerWebsite #OSC #OSCMyanmar #OSC_Myanmar #OnlineServicesCenter #OnlineServicesCenterMyanamr #Online_Services_Center