Account Security အတွက် Strong Passwords ပြုလုပ်ထားပါ - Online Service Center
Friday, January 20, 2017
Account Security အတွက် Strong Passwords ပြုလုပ်ထားပါ
"မိမိ Account Security အတွက် Strong(အကောင်းဆုံး) ဖြစ်စေမယ့် Passwords ပြုလုပ်ထားပါ"
Password ဆိုတာ တစ်ဦးတစ်ယောက်ထဲအသုံးပြုဖို့ အတွက်
လျှို့ ဝှက်နံပါတ် or သော့တစ်ချောင်းဖြစ်ပါတယ် ဥပမာပေးရရင်
ကိုယ့်မှာ အိမ် ၁ လုံးရှိတယ် အဲ့ဒီ အိမ်ကိုဝင်ဖို့ ထွက်ဖို့ အတွက်
ကိုယ်ပိုင်သော့တစ်ချောင်း(Password) ရှိတယ်ဆိုပါတော့ သော့ကို
ကိုယ်က လုံခြုံအောင် ဘယ်သူမှ မသိအောင် သိမ်းဆည်းထားရပါမယ်
အဲ့ဒီလိုမှမဟုတ်ပဲ လူတကာမြင်နိုင်တဲ့နေရာမှာ ထားထားလျှင်
ကိုယ်မသိခင် အလစ်မှာ အဲ့ဒီသော့နဲ့ ဖွင့်ပြီး ကိုယ့်အိမ်ထဲကို
ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက် လုပ်နိုင်ပါတယ် သို့ မဟုတ်
ကိုယ့်အိမ်ကို ဖျက်လိုဖျက်ဆီး လုပ်သွားနိုင်ပါတယ် ဒါကြောင့်မို့ 
Password ဟာ အိမ်သော့ တစ်ချောင်းနဲ့ အလားသဏ္ဍာန်တူလို့ 
ကိုယ်တစ်ယောက်ထဲပဲ သိအောင် လုံခြုံစွာသိမ်းဆည်းထားဖို့ 
လိုအပ်ပါတယ်။
ဒါ့အပြင် မိမိအသုံးပြုနေတဲ့သော့ကို ထုထည်ကြီးမားဖို့  အလွယ်တကူ
ဖွင့်ပြီးတော့ဖြစ်ဖြစ် ဖျက်ဆီးပြီးတော့ ၀င်ရောက်တာမျိုးပဲဖြစ်ဖြစ်
မလုပ်နိုင်အောင် အင်မတန်မှ ခိုင်ခံ့တဲ့ အင်မတန်မှ မာကြောတဲ့
သော့အမျိုးအစားဖြစ်နေဖို့ တော့လိုပါတယ် ကဲ... ဒီတော့..
ကိုယ့် Account ကို လုံခြုံဖို့ အတွက် ဘယ်လိုမျိုး
Password တွေပေးသင့်လည်းဆိုတာကို ပြောပြပေးသွားပါ့မယ်။
တော်တော်များများက Password ကို အလွယ်တကူ ပြီးစလွယ်နဲ့ 
ပေးတတ်ကြတာများပါတယ် မိမိနာမည် မိမိချစ်သူခင်သူနာမည်
မွေးနေ့ မွေးရက် အမှတ်တရနေ့ ရက် မိမိဖုန်းနံပါတ်တွေနဲ့ ပဲ
ပေးတတ်ကြတာများပါတယ် အဲ့ဒီလိုပေးတာက Security ပိုင်း
ဆိုင်ရာအတွက်တော့ မကောင်းပါဘူး ဘာကြောင့်လည်းဆိုတော့
မိမိ Account ကို Hacked လုပ်ပြီး ခိုးယူမည့်သူက မိမိ ရဲ့ 
ပြီးစလွယ်ပေးထားတဲ့ Password ကို ခန့် မှန်းပြီး အလွယ်တကူ
ခိုးယူသွားနိုင်လို့ ပါပဲ ဒါကြောင့် Password ကို ပြီးစလွယ်မပေးပါနဲ့ ။
Password ကို ဘယ်လိုတွေပေးသင့်လဲ....? ဆိုပါလျှင်...
မိမိ အသုံးပြုမည့် Password ထဲမှာ ~!@#$%^&*() အဲ့ဒီလိုမျိုးတွေ
ထည့်သွင်းအသုံးပြုလျှင် ခိုးယူမည့် Hacker ကလည်း အလွယ်တကူ
ခိုးယူလို့ မရနိုင်တော့ပါဘူး ဥပမာ သင့်နာမည်က Maung Phyu
ဆိုပါတော့ ဒါဆိုရင် မှတ်မိလွယ်ပြီး Strong ဖြစ်နိုင်မယ့် Password
ကို ဖြစ်အောင် ပြုပြင်ပြီး ပေးထားလိုက်လို့ ရတာပေါ့။
ဥပမာ....
M@ungPhyu ဒါဆိုရင် နာမည်အစဆုံးအလုံးကြီးပြီး a နေရာမှာ
@ ကိုအသုံးပြုလိုက်တာပါ နောက်ထပ် ဂဏန်းထပ်ဖြည့်လိုက်ရင်
အင်မတန်မှ မာကျောတဲ့ Strong ဖြစ်တဲ့ Password ဖြစ်သွားမှာပါ
ဘယ်လို ဂဏန်းထပ်ဖြည့်ရမှာလည်း ဘယ်လိုမျိုးဖြည့်ရမှာလဲဆိုရင်
မိမိမွေးရက်၊ မိမိကိုင်ဆောင်နေတဲ့ဖုန်းနံပါတ်နဲ့  ထပ်ဖြည့်လိုက်ပါ။
ဥပမာ....
M@ungPhyu09123456789 အဲ့လိုပေးလိုက်ရင် Password ကို
မှတ်မိလည်း လွယ်မယ် Strong လည်းဖြစ်မယ် ဒါက နမူနာ အနေနဲ့ 
ပြောပြခြင်းဖြစ်ပါတယ် မိမိဘာသာ ဥာဏ်ကွန့် ပြီး အကောင်းဆုံး
Password တစ်ခုဖြစ်အောင် တည်ဆောက်ပြီး ထားထားလိုက်ပါ
အဲ့ဒါဆိုရင် Hacker ကလည်း အလွယ်တကူ မခန့် မှန်းနိုင်တော့သလို
Hacker တွေ အသုံးပြုတဲ့ Password Cracker ( Word List ) တွေ
နဲ့ လည်း မိမိ Account ရဲ့  Password ကို Crack ပြီး ရယူနိုင်တော့
မှာမဟုတ်တော့ပါဘူး ဒါကြောင့် အကောင်းဆုံး အလုံခြုံဆုံး အမာဆုံး
သော့တစ်ချောင်းကို ဖန်တီးထားကြပါလို့  တိုက်တွန်း ရေးသားလိုက်
ပါတယ်ဗျာ။
အောက်ကတော့ Facebook Security Team ကစာလေးပါ...
--------------------------------------------------------------------------------------
ခိုင်မာ အားကောင်းတဲ့ စကားဝှက်ရှိတာဟာ သင့်ဖေ့ဘွတ်ခ်ကို ဘယ်သူမှ အလွယ်တကူ ဟက်ခ် လို့မရအောင် လုပ်ခြင်းရဲ့ ပထမအဆင့်ပဲ ဖြစ်ပါတယ်။ အခု ဒီမှာ ဘယ်လိုမျိုး ခိုင်မာအားကောင်းတဲ့ ပတ်စ်ဝေါ့ကို ရွေးချယ်ရမယ် ပြီးတော့ အဲ့ဒါကို ဘယ်လိုလျှို့ဝှက်ထားရမယ် ဆိုတာလေးတွေနဲ့ ပတ်သက်ပြီး အကြံကောင်း တစ်ချို့ပေးထားပါတယ်။ https://www.facebook.com/…/how-to-keep-your-acco…/passwords/
--------------------------------------------------------------------------------------
မိမိတို့  Facebook Account တွေ Hack ခံထားရလို့
or Hack ခံရမှာကြောက်လို့  ကြိုတင် ကာကွယ်ထားချင်လို့ 
ပဲဖြစ်ဖြစ် ကျွန်တော်များ OSC-Myanmar မှ
အကောင်းဆုံး ၀န်ဆောင်မှုပေးနေပါတယ်။
Hacked လုပ်ပြီး PA(Personal Attack) လုပ်ပြီး အရှက်ခွဲခံနေရသူများကိုတော့ အခမဲ့ အကူအညီပေးသွား
မည်ဖြစ်ပြီး အခြား Hack လုပ်ခံထားရသူများရဲ့ 
Account များကို Recovery လုပ်ပြီး ပြန်လည်ရယူချင်လို့ ပဲဖြစ်ဖြစ်
မိမိလည်းအသုံးမပြုချင်တော့ဘူး Hacked(ခိုးယူသွား)သူလည်း အသုံးပြုလို့ မရတော့အောင် ပြုလုပ်ချင်တယ်ဆိုရင် ကျွန်တော်တို့  Security Team မှ အကောင်းဆုံးနဲ့  အသက်သာဆုံးနှုန်းဖြင့် ၀န်ဆောင်မှုပေးနေပါတယ်။
Hacked လုပ် မခံရသေးတဲ့ Account ပိုင်ရှင်များအနေနဲ့ လည်း
Security မြှင့်ချင်လျှင် မြှင့်ပေးပါတယ် အကောင့်ကို Security Checked လုပ်ပေးတယ် မသင်္ကာစရာ Web App, Game App, Other App Log တွေရှင်းပေးတယ် ကိုယ်ဝင်တာမဟုတ်ပဲ အခြားဆီတွေက ၀င်ထားတဲ့ Device, IP, Location Log တွေကို ရှင်းပေးတယ် Security မြှင့်ပေးတယ် Security နဲ့ ပတ်သက်တဲ့ ဗဟုသုတ တွေ ဆောင်ရန် ရှောင်ရန်တွေ သင်ပေးတယ်
Hack လုပ်မခံရအောင် Security အဆင့်တွေမြှင့်ပြီး ဘာတွေကို ဂရုပြုရမလဲ သတိထားရမလည်းဆိုတာတွေကို သင်ပေးတယ် ဘာတွေဆောင်ပြီးဘာတွေရှောင်ရမလည်းဆိုတာတွေ
ပြောပေးတယ်။
 မိမိတို့  OSC-Myanmar အနေနဲ့  ၀န်ဆောင်မှုကို အသက်သာသုံး နှုန်းဖြင့် ၀န်ဆောင်ပေးပါတယ်
ငွေကြေး အနည်းငယ်လေး ကုန်ကျမှာကို မြင်မနေပါနဲ့ 
Account Hacked လုပ်ခံရပြီး PA(Personal Attack) တွေလုပ်ခံရပြီး အရှက်တကွဲ အကျိုးနည်းတွေဖြစ်တော့မှ အဖေကယ်ပါ အမေကယ်ပါတွေနဲ့ Security မြှင့်တာမှာ ကုန်ကျတာနဲ့  မကာမိတဲ့အဖြစ်မျိုးတွေ ဖြစ်ပါမယ်
ဒါကြောင့် မိမိတို့  Account များကို Security မြှင့်ပြီး သုံးကြပါလို့ တိုက်တွန်းချင်ပါတယ် ကိုယ်တိုင်ကိုယ်ကျ Security မြှင့်တတ်ရင် မြှင့်ပြီးသုံးကြပါ
အကယ်၍ ကိုယ်တိုင်က ဘာမှမသိဘူး အဲ့ဒီ ၀န်ဆောင်မှုကို ယူချင်တယ်ဆိုရင်ဖြင့် OCS-Myanmar ကို သတိရလိုက်ပါခင်ဗျာ။ ^_^
Aung Kyaw Soe ( Founder - Online Services Center )
Video By : Facebook Security Team
Facebook Page => www.facebook.com/OSCMyanmar.mm
Website => www.osc-myanmar.com
#FacebookBoostServices #WebsiteServices #DomainNameServices #SecurityServices #FacebookAccountSecurity #FacebookSecurity #OnlineServices #Facebookboost #Facebook #Domain #DomainName #SocialAccountSecurity #Security #SocialAccount #Social #Myanmar #Online #FacebookPage #Blogger #BloggerWebsite #OSC #OSCMyanmar #OSC_Myanmar #OnlineServicesCenter #OnlineServicesCenterMyanamr #Online_Services_Center
Share This
No comments:
Post a Comment
Contact Us
Contact Form
Name
Email *
Message *